Loser(part-10)

2.4K 264 89
                                    

" ရှင်ကွဲဆိုတာကိုယ့်ရင်ကိုအစိမ်းလိုက်ခွဲတဲ့ကွဲကွာခြင်းမျိုးပါ Ji Ji "

___________________________________

ပွေ့ချီလာခဲ့ပြီးသောကိုယ်ငယ်လေးအား
ဂျောင်းဂု sofa ပေါ်တွင်ချစေကာ
အထိမခိုက်မရှိအောင်အပြုအမူတစ်ခုချင်းဆီအားသတိတထားဆောင်ရွက်သည်။

Jungkook - ခြေထောက်ကိုငြိမ်ငြိမ်ထားနော်...မလှုပ်နဲ့...!!
ပြီးတော့ဒီမှာခဏစောင့်နေ..!!

ဂျောင်းဂုသူ့ရုံးခန်းအတွင်းမှဗီရိုတံခါးကို
ဖွင့်ကာတစ်ခုခုကိုအသည်းအမဲရှာလေသည်။
လိုချင်တာရသွားသောဂျောင်းဂုဟာ
Sofaပေါ်မှာခွေခွေလေးထိုင်နေရှာသော
ဂျီမင်းဆီပြန်လာလေသည်။

Jungkook - သွေးတွေကထွက်နေတုန်းဘဲ...ဘယ်လောက်တောင်ဆိုးတဲ့သစ်သားစတွေလည်းကွာ....။

ဂျောင်းဂုတောက်တခေါက်ခေါက်ဖြင့်
ဂျီမင်းကိုအနာဖြစ်အောင်လုပ်သွားသော
သစ်သားချောင်းအားကြိမ်းနေလေသည်။

Jungkook - အရမ်းနာနေတယ်မလား...??
ခဏနော်...ကိုယ် သွေးတွေကို wet tissue နဲ့အရင်သုတ်ပေးမယ်....ပြီးမှဆေးထည့်ပေးမယ်။

ခြေထောက်လေးအားဖွဖွကိုင်မြှောက်ကာ
တစ်ရှူးစလေးနဲ့သုတ်ပေးပါသောဂျောင်းဂု
နှုတ်ခမ်းဖျားမှလည်း" ကျွတ် ကျွတ် " ဟူသော
ချော့မြူသံလေးဟာလည်းမပါမဖြစ်ပင်။

Jungkook - ဆေးထည့်တော့မယ်နော်....အရမ်းစပ်နေရင်ကိုယ့်ပုခုံးကိုဆုပ်ကိုင်လိုက် ၊ ဒါမှမဟုတ် ကုတ်တာဘဲ ဖြစ်ဖြစ်။

စိုးရိမ်တကြီးမျက်ဝန်းများဖြင့်ဂျောင်းဂုမော့ကြည့်လာခြင်းသည်
ဂျီမင်းရဲ့နှလုံးသားအားလုံလောက်တဲ့တုန်ခါမှုနှုန်းကိုပေးစွမ်းသည်။

Jimin - ငါ့ကိုအခုစိတ်ပူပေးနေတာမလားဟင်...ဂျောင်းဂု...!!!

Jungkook - မင်းကမကြိုက်လို့လား...??

Jimin -ဟင့်အင်း!!
အခုလိုမျိုးမင်း
အရိပ်တစ်ကြည့်ကြည့်.,ကြည့်ပေးတာခံချင်မိလို့...မင်းဆီပြန်လာခဲ့တာပါ kook ရယ်။
တဂယ်လို့များ...ငါ့ကိုမချိုသာပေးနိုင်ရင်တောင်မှ...လေသံကြမ်းကြမ်းနဲ့တော့မပြောပါနဲ့နော်...မင်းငါ့ကိုစိမ်းကားရင်ငါဒီနားကအရမ်းနာလို့ပါ။

loser(complete) Where stories live. Discover now