Loser(p-20)

2.7K 289 151
                                    

ဓားနဲ့ထိုးပြီးသတ်မှသွေးစိမ်းရှင်ရှင်ထွက်ပြီး
သေတာမဟုတ်ပါဘူးအကို~
မျှော်လင့်ချက်တွေပေးပြီးရိုက်ချိုးခြင်းမျိုး
စိတ်ကိုသတ်ပြစ်ခြင်းမျိုးဟာလည်း
သွေးပျက်ချောက်ခြားဖွယ်ရာသေဆုံးခြင်းပါဘဲ.....အကိုသတ်ပစ်ခဲ့တဲ့ကျနော့်နှလုံးသားလေးကောင်းရာသုခတိလားပါစေ...!!!

____________________________________

Jin - မေမေနေသာရဲ့လားဟင်...?

Mrs. Kim - အင်း~ဒါနဲ့ဂျောင်းဂုကောမပါဘူးလားသားလေး..!

Jin - အကိုကအလုပ်ရှုပ်နေမှာစိုးလို့..ကျနော်မခေါ်ခဲ့တာ..မေမေကရော..ရောဂါကဘယ်လိုပြန်ဖောက်ရတာလည်းဟင်..ဟိုနေ့ကမှသားနဲ့ဖုန်းပြောနေတာအကောင်းကြီးကို..။

Mrs. Kim - မေမေတို့လိုနှလုံးသမားတွေရဲ့ကျန်းမာရေးကိုပုံသေတွက်ထားလို့မှမရတာသားရယ်..စိတ်လေးနည်းနည်းလှုပ်ရှားလိုက်တာနဲ့အိပ်ရာထဲလဲရော..ဒါတွေသားသိပါတယ်..။

Jin - ဒါဆိုလည်းစိတ်ကိုအတက်အကျအဖြစ်မခံပါနဲ့လားမေမေရယ်..ကိုယ့်ရောဂါအကြောင်းလည်းကိုယ်သိရဲ့သားနဲ့ဗျာ..။

Mrs. Kim - မေမေကအိုနေပါပြီသားရယ်..သေမယ်ဆိုရင်တောင်မှသေလို့ရနေပြီ..မေမေစိတ်ပူတာဆိုလို့မေမေ့သားလေးတစ်ယောက်ဘဲရှိတာ..။
မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာရတဲ့ဒီရောဂါဆိုးကြီးကိုသားလေးပါအမွေအဖြစ်ရမှာမလိုလားဘူး...။

Jin - မေမေကဘာကိုအိုတာလည်း..သားမေမေကဒီလောက်ချောပြီးလှနေတာကို..မေမေသာအိပ်ရာထဲကထွက်ပြီးအလှပြင်ကြည့်ပါလား model တွေတောင် ငိုသွားဦးမယ်..အဲ့ဒါကြောင့်အိုနေပြီတို့..သေလို့ရပြီဆိုတာမျိုးမပြောနဲ့မကြိုက်ဘူး..ပြီးတော့သားကိုလည်းစိတ်ပူမနေနဲ့..သားကကျန်းမာလိုက်တာမှလွန်ရောဘဲ..အမေကနှလုံးရောဂါရှိလို့သားမှာပါရောဂါဖြစ်တယ်ဆိုတာဖြစ်နိုင်လို့လား..အဲ့ဒါကြောင့်ပူပင်စရာတွေတွေးမနေဘဲသက်တောင့်သက်သာနေ...ဟုတ်ပြီလား..?

Mrs. Kim - သားလေးကတဂယ်ဘဲဘာမှမဖြစ်တာလားဟင်..ရင်ဘတ်အောင့်တာတို့..အသက်ရှူကျပ်တာတို့ဘာမှမဖြစ်ဘူးလား..?

Jin - ဟုတ်ပါတယ်ဆိုဗျာ..ဘာလည်းမေမေက ကျနော့်ကိုနေမကောင်းဖြစ်နေစေချင်တာလား..?

loser(complete) Where stories live. Discover now