Loser(p-7)

2.5K 259 29
                                    

တီးလ်....တောင်

မြည်လာတဲ့ဘဲလ်သံကြောင့်ဆော့ဂျင်ရင်ခုန်စိတ်လှုပ်ရှားစွာဘဲ
တံခါးဖွင့်ပေးဖို့ထွက်လာခဲ့တယ်။

Jin - အာ!!! ဟုတ်သားဘဲ...... အိပ်ခန်းထဲကအဝတ်တွေပြန်မရှင်းရသေးဖူး။

ဟုတ်ပါတယ်။
ဆော့ဂျင်တနေ့လုံးအခန်းထဲအောင်းကာ
ဘာဝတ်ရမလဲစဥ်းစားနေရင်း
ဗီရိုတစ်ခုလုံးအားဇောက်ထိုးဖြစ်တဲ့ထိလှန်လှောပြီးအဝတ်ရွေးခန်းဖွဲ့နေခဲ့တာ။
ဟိုတစ်စဒီတစ်စအဝတ်များဟာကုတင်ပေါ်ပြန့်ကျဲလို့။
နောက်ဆုံးတော့ရုပ်ခံလေးရှိရှာတဲ့ဆော့ဂျင်ဟာရိုးရိုးသားသားပန်းရောင်အင်ကျီလက်ရှည်လေးအား
Jean လေးနဲ့တွဲဖက်ဝတ်ဆင်ထားလေရဲ့။

Jin - ရပါတယ်လေ။
အခန်းထဲမှာပွစာတတ်တာအရေးမကြီးပါဖူး။
အဓိကငါလှနေဖို့ဘဲလိုတာ။
အဲ့တာတွေကိုပြန်လာမှအေးဆေးရှင်းလည်းဘာအရေးလည်း...??

ကိုယ့်ဘာသာစိတ်ကူးပေါက်ရာတွေးရင်း
အလုပ်ကပြန်လာသောဂျောင်းဂုအားတံခါး
ဖွင့်ပေးနေလေရဲ့

Jin - အစ်ကိုပြန်လာပြီလား....အစ်ကို့ကိုစောင့်နေတာ....ကျနော်ကြည့်ကောင်းရဲ့လားဟင်..?

Jungkook - အင်း....အရမ်းလှနေတယ်။
ကိုယ်ရေသွားချိုးလိုက်ဦးမယ်နော်...ပြီးမှ date ကျမယ်။

Jin - ဟုတ်...!!

ဆော့ဂျင်သေချာကြည့်ရင်မြင်နိုင်ပါသည်။
အလုပ်ကပြန်လာတဲ့ဂျောင်းဂုမျက်နှာကမရွှင်ပျနေခဲ့ကြောင်းကိုပေါ့။

///////////////////////////////////////////////////////////////

Jin - အကိုအဲ့မှန်ကြီးအရမ်းအကျင့်ပုတ်တာဘဲ...??

Jungkook - သူကကောင်လေးကိုဘာများလုပ်လိုက်လို့လည်း...??

Jin - အစ်ကိုပြန်မလာခင်တုန်းကလေ
ကျနော့်ရဲ့ပုံရိပ်ကအချောဆုံးလေ။
ဟော...အခုကျတော့အကိုလည်းရောက်ရော
အကိုကို့ကျနော့်ထက်ပိုမိုက်အောင်လုပ်ပေးတယ်အဲ့မှန်ကြီးဟာဆိုရင်တော့ဖြင့်လေ။

အဝတ်အစားလဲ ပြီး လို့မှန်ရပ်ကြည့်နေသော
ဂျောင်းဂုအား
ဆော့ဂျင်နောက်မှသိုင်းဖက်ရင်းမှန်က
မတရားကြောင်းအကြီးအကျယ်ကိုတိုင်ပြောနေသည်။

loser(complete) Kde žijí příběhy. Začni objevovat