Loser( p - 22)

3.2K 318 214
                                    

Unicode

(သူ့လိုဘာလို့အတော်ဆုံးမဟုတ်ရတာလည်း!

သူ့လိုဘာလို့ဉာဏ်မကောင်းရတာလည်း!!

အမြဲတမ်းအတူတွဲသွားတွဲလာလုပ်နေရတဲ့
သူငယ်ချင်းထက်နိမ့်ကျနေရတာမရှက်ဘူးလား..?

ငါမင်းကိုမချစ်ဘူး..ငါ့သူ့ကိုဘဲချစ်တာ )

** မဟုတ်ဘူး..မဟုတ်ဘူး..ငါမညံ့ဘူး..ငါ့ကိုလည်းချီးမွမ်းပေး..ငါ့ကိုလည်းချစ်ပေးကြပါ..**

တစ်စစီဆွဲဖြဲခံလိုက်ရသောအမှတ်စာရင်းစာရွက်လေးနဲ့အတူ သေချာထုပ်ပိုးထားတဲ့ပန်းစည်းလေးဟာ အမှိုက်ပုံးထဲမှာပျံ့ကြဲလို့...ထို့နောက်ထွက်ပေါ်လာသော..စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု..ပြီးတော့လည်းအားလုံးပြီးဆုံးသွားတာပါဘဲ..။

ဟူး..အိမ်မက်ဆိုးတွေမက်နေပြန်ပြီ..။

သူစုပ်တစ်ချက်သပ်လိုက်ရင်းကုတင်ဘေးနားကခုံပေါ်တွင်တင်ထားသောခွက်အတွင်းမှရေကိုတစ်ချိုင့်ထဲမော့သောက်ပစ်လိုက်သည်...။
သူ့ရဲ့မနက်ခင်းတိုင်းဟာတစ်စုံတစ်ယောက်ပါဝင်သောအိမ်မက်ဆိုးတွေနဲ့အတူအစပြုတယ်..။

>>>>>>>>>>>>>>>>>>>>>>>>>>>

ကောင်လေးမလုပ်တော့ဘူး..!!

မနက်ခင်းတိုင်းမြည်နေကျ alarm သံ လေး ဟာ နောက်ပိုင်းနေ့ရက်တွေမှာ မမြည်ဖြစ်တော့ဘူး..မိုးလင်းတိုင်း မျက်လုံးဖွင့်တိုင်း
မြင်တွေ့နေကျပုံရိပ်ယောင်ပိုင်ရှင်လေးဟာ
ကိုယ့်ကိုသူစိမ်းဆန်သွားပြီ...။

အိမ်အောက်ထပ်ကိုဆင်းလာမိတော့
အငွေ့တွေကုန်ခမ်းနေတဲ့အေးစက်စက်
မနက်စာတစ်ခွက် ၊ ဝတ်ကျေတန်းကျေလုပ်ပေးခဲ့တဲ့မနက်စာတစ်ခွက်က ပါ ကျနော့်ကို
မျက်ကွယ်ပြုစကားဆိုတယ်.." ဒါမင်းထိုက်နဲ့မင်းကံဘဲတဲ့ "
ဟုတ်ပါတယ်လေ..ကျနော်ကိုယ်တိုင်ရေးဆွဲယူခဲ့တဲ့စုတ်ချက်တွေပါ..။

ကောင်လေးဟာ~ကျနော်မပါဝင်ဘဲသူ့ဘဝလေးထဲမှာနေတတ်ထိုင်တတ်သွားပြီ..။
ကောင်လေးဟာ ~ ကျနော့်ကိုမျက်နှာလွှဲတတ်နေပြီ..။
ကောင်လေးဟာ~အဆုံးသတ်မှာပြောင်းလဲသွားနိုင်ပြီ...။

loser(complete) Where stories live. Discover now