Loser(p-13)

2.3K 264 146
                                    


ချန်ထားရစ်ခဲ့မိတဲ့များစွာသော
အကြောင်းပြချက်များရဲ့ခေါင်းစဥ်ကတစ်ခုထဲ
" Kook အဆင်ပြေပြေရှိနေဖို့ "

______________________________________

ဂျောင်းဂုရဲ့နှုတ်ခမ်းဖျားမှပွင့်အန်ကျလာသောစကားသံတွေကြောင့်ဂျီမင်းရဲ့မျက်လုံး
လေးများပြူးကျယ်ကုန်သည်။

Jimin - ကြားလိုက်တာလား...??

Jungkook - အင်း...ကိုယ်အကုန်ကြားလိုက်တယ်။ဘာလို့မပြောခဲ့တာည်း...မေမေမင်းအပေါ်ရက်စက်ခဲ့တယ်ဆိုတာ...ကိုယ့်ကိုသာပြောခဲ့ရင်... !

ပြောနေရင်းနှင့်ပင်
မရပ်မနားစီးကျလာတဲ့ပါးပြင်နုနုပေါ်က
မျက်ရည်စီးကြောင်းများအား
ဂျီမင်းလက်လေးဖြင့်ယုယုယယသုတ်ပေးကာ

Jimin - ငါဘယ်လိုလုပ်ပြောရက်မှာလဲ kook ရယ်...မင်းမှာမင်းမေမေဘဲရှိတာလေ...မင်းကသူမကိုသိပ်ချစ်မှန်းငါသိရက်နဲ့...ငါမင်းတို့သားအမိကိုသွေးခွဲတဲ့သူမဖြစ်ချင်ဘူး...!

Jungkook - အဲ့တာနဲ့ဘဲလူစွမ်းကောင်းကြီးလုပ်ပြီးထွက်သွားခဲ့တာပေါ့ဟုတ်လား...ငါဘယ်လိုကျန်နေခဲ့ရမလဲမင်းမစဥ်းစားမိဖူးလား...ဟန်....ငါမင်းမရှိတဲ့ရက်တွေမှာဘယ်လောက်တောင်များ....~

တသိမ့်သိမ့်တုန်နေသောဂျောင်းဂုခန်ဓာကိုယ်လေးအားဂျီမင်းသူ့ရင်ခွင်ထဲခိုလှုံစေရင်း

Jimin - ငါမထင်ခဲ့လို့ပါ kook ရယ်...ငါပညာသင်ပြီးပြန်လာရင်သူမကမင်းနဲ့သဘောတူမယ်လို့ပြောခဲ့တာ...သူမ..သဘောတူတဲ့သူကတခြားတယောက်ဖြစ်မယ်လို့မတွေးခဲ့မိလို့ပါ။

Jungkook - မဟုတ်ဘူး...တဂယ်တော့ဒါတွေအားလုံးငါ့အပြစ်ကြီးဘဲ...ငါမင်းအပေါ်သစ်စာရှိရှိနဲ့စောင့်နေခဲ့ရမှာ...အဲ့ဒါမှမင်းပြန်လာတဲ့အချိန်အတူနေလို့ရနိုင်သေးတာအခုတော့။

Jimin - ငါနားလည်ပါတယ်...မင်းကိုနားလည်တာမို့ကိုယ့်ကိုကိုအပြစ်မတင်ပါနဲ့...!

Jungkook - ငါအသုံးမကျလို့ပါ။
ငါသာအရေးမပါတဲ့သူတစ်ယောက်ကိုလက်မထပ်ခဲ့ရင်ငါတို့နှစ်ယောက်လုံးအခုလိုခံစားရမှာမဟုတ်ဘူး။

Jimin - အရေးမပါတဲ့သူ....kook မင်းပြောတော့သူ့ကိုသဘောကျတယ်ဆို

Jungkook - ဟင့်အင်း...ငါသူ့အပေါ်ဘာခံစားချက်မှမရှိဘူး...ဒီတိုင်းမင်းရှေ့မှာမို့...မင်းကိုအထင်လွဲနေတုန်းကတမင်ပြောခဲ့တာ။

loser(complete) Where stories live. Discover now