Loser(part - 24)

2.9K 283 38
                                    

ဟိုးအတိတ်ကဇာတ်လမ်းလေးက
ဒီလိုစတင်ခဲ့တယ်~~~

နှောင်းဖြစ်များဆီသို့°°

" Jungkook မင်း အကျင့်မပုတ်နဲ့လေကွာ "

Jungkook - ငါဘယ်မှာအကျင့်ပုတ်လို့လည်း..သူငယ်ချင်းမုန့်ဆိုတာငါ့မုန့်ဘဲပေါ့..။

Taehyung - အဲ့တာဆိုရင်လည်း..ငါ့အတွက် နည်းနည်းပါးပါးတော့ချန်ထားဦး..ငါတစ်ကိုက်ဘဲစားရသေးတာ..။

Jungkook - လိုချင်ရင်လိုက်လု..။

Taehyung - ဂျောင်းဂု...ဟား..အရမ်းမပြေးနဲ့..။

ပန်းခြံထဲတွင်ကောင်လေးနှစ်ယောက်​ပြေးလွှားပျော်ရွှင်နေကြတယ်..ခုန်ပေါက်မြူးထူးခဲ့ကြတယ်..ရိုးသားဖြူစင်ခဲ့ကြတယ်..ယှဥ်ပြိုင်မှုတွေ ၊ မနာလိုခြင်းတွေ ဝင်ရောက်မလာခင်အချိန်တစ်ခုထိပေါ့..။

Taehyung - မောလိုက်တာ..ဂျောင်းဂုရာ..။

Jungkook - လာ~ကောင်းကင်ကြီးကိုတူတူကြည့်ရအောင်..။

မြက်ခင်းပြင်ပေါ်လှဲအိပ်နေတဲ့ဂျောင်းဂုဟာဘေးနားကထယ်ယောင်းကိုပါသူ့ဘေးတွင်လာလှဲရန်အဖော်စပ်သည်..။

Taehyung - တိမ်တွေကအရမ်းလှတာဘဲနော်..။
ရွေ့ရှားနေလိုက်ပုံများလွတ်လပ်ပေါ့ပါးလိုက်တာ...ငါအရမ်းသဘောကျတာဘဲဂျောင်းဂု..။

Jungkook - ငါကတော့တိမ်တွေကိုမကြိုက်ပါဘူး..သူတို့ကကြည်လင်ပြီးတောက်ပနေတဲ့ကောင်းကင်ပြင်ကျယ်ကြီးကိုရှုပ်ထွေးအောင်လုပ်နေတာ..တိမ်တွေကင်းစင်သွားရင်ကောင်းမယ်..။

Taehyung - ရှုပ်နေတယ်လို့မပြောပါနဲ့
ဂျောင်းဂုရာ..တိမ်တွေလည်းနေစရာမရှိလို့..ကောင်းကင်ကြီးဆီမှာကပ်နေတာပါ..မင်းကသိပ်အတ္တကြီးတာဘဲ..။

Jungkook - ငါကတစ်ကိုယ်ကောင်းဆန်ပေမဲ့..ငါမျက်နှာလွှဲလေ့ရှိတဲ့သူတွေထဲမှာတော့မင်းမပါပါဘူးထယ်ယောင်းရာ..ငါတို့ကအမြဲတမ်းအတွက် အကောင်းဆုံးသူငယ်ချင်းတွေမလို့..။

Taehyung - ငါရော~ငါတို့ခင်မင်မှုကထာဝရတည်တံ့ပါစေလို့ဆုတောင်းတယ်..။

တစ်ချို့ ၊ တစ်ချို့သော ဆုတောင်းတွေက
အလှမ်းဝေးလွန်းအားကြီးတယ်..။

loser(complete) Where stories live. Discover now