" ရတယ်လေ ... ဇာတ်ကားတွဲရိုက်လို့ ရတယ် "

" တကယ်ကြီးလား "

" ကိုယ်ကနောက်နေတဲ့ပုံပေါက်နေလို့လား "

" မ ... မဟုတ်ပါဘူး "

" ဇာတ်လမ်းတွဲဆို အနည်းဆုံး (၁ )လလောက်အတူတူ နေလို့ရတယ်လေ .....
အဲ့ကျရင် ရိုက်ကွင်းနားက သွားချင်တဲ့
နေရာတွေ လိုက်ပို့ပေးမယ် "

" ဟင်း ... အခုတောင်ရိုက်ချင်လာပြီ "

ရှင်းအပြင်ထွက်ချင်တာ တစ်ပိုင်းပင်သေနေပြီ။

ဒီ Campထဲရောက်ထဲက အပြင်ထွက်ရတဲ့အချိန်က လက်ချိုးရေလို့ရသည်။

ဒါတောင် ကြော်ငြာရိုက်တဲ့အချိန်နဲ့
show recordingကြောင့်သာ .....

ချောက်လောင်ရှစ်က အခုလိုပြောတော့
ရှင်း မရိုးမရွ ဖြစ်လာသည်။

ဟိုတခါပြောပြဖူးတဲ့ ကျန်းနန်ဆိုတာလည်း
လိုက်သွားချင်သေးသည်။

" ဒီshowပြီးသွားရင် ရိုက်လို့ရပါပြီ "

" debutထဲ မပါခဲ့ရင်ရော "

" ရှင်းလေးလို တော်တဲ့သူသာ debutထဲမပါခဲ့ရင် ကိုယ်မင်းသားမလုပ်တော့ဘူး "

" အာ ... လောင်ရှစ်ကလည်း "

" တကယ်ပြောတာ "

" ရှင်းက သိပ်မတော်ပါဘူး ...
fanတွေက ချစ်ကြလို့ပါ "

" ဒါတော့ ရှင်းလေးက ချစ်ဖို့ကောင်းတာကိုး "

ချောက်ချွမ်က တစိမ့်စိမ့်ကြည့်ပြီးပြောတော့
ကောင်ငယ်လေးက ရှက်ရဲရဲနဲ့ ခေါင်းလေး
ငုံ့သွား၏။

ဖြူနုနုပါးနှစ်ဖက်လေးရဲတက်လာတာက
ဒီကလေး အသားအရည်ကောင်းလွန်းလို့လား ......?

ခေါင်းလေးငုံ့ထားလို့ မြင်နေရတဲ့ နှာတံလေးက မွှေးညှင်းနုနုလေးတွေနဲ့ ဖြောင့်စင်းနေသည်။

နှုတ်ခမ်းသေးသေးလေးက ဆေးမကူပါပဲ
စိုရဲနေပြန်သည်။

အလွန်တရာချစ်ဖို့ကောင်းတဲ့ ဒီကလေးကို
ချောက်ချွမ် လက်လွှတ်မခံနိုင်တော့ဘူး။

အရင်က ရိ၀မ်အပေါ် စိတ်ရှိနေတယ်ထင်ခဲ့
ပေမယ့် ကလေးရဲ့အပြုအမူတွေအရ ရိ၀မ်ကို
လောင်ရှစ်တစ်ယောက်ထက်မပိုဘူးဆိုတာ သိလိုက်ရတော့ သူအပျော်ကြီး ပျော်သွားခဲ့သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now