လှမ်းကြည့်လိုက်တော့ လုချီယွမ်နှင့် ရှချင်းယန်က လူတချို့နှင့်အတူ ​အပြေးလာနေသည်။

တကယ်တော့ လုမန်ကို ခြိမ်းခြောက်ရအောင်ပြေးလာတာဆိုပေမယ့် ဟန်ကျိုးလီကိုမြင်ပြီး ရုတ်ခြည်း အရှိန်သေသွား၏။

“ သခင်လေးဟန်! ”
ရှေ့က ဟန်ကျိုးလီကိုကြည့်ပြီး လန့်ဖျပ်သွားသော လုချီယွမ်မှာ ဟန်ကျိုးလီရဲ့ရင်ခွင်ထဲမှာ ရောက်နေသော လုမန်ကြောင့် သွေးတက်သွားရ၏။

ဘာတွေဖြစ်နေတာလဲ.. ?

လုမန်နဲ့ဟန်ကျိုးလီက တကယ်ကြီး တွဲနေကြတာများလား.. ?

ဒါဆိုရင် မကောင်းတော့ဘူး!

မျက်ဝါးထင်ထင်မြင်လိုက်ရတော့ ရှချင်းယန်မျက်နှာမှာ မနာလိုဝန်တိုစိတ်တွေပြည့်လာကာ.. လုမန်က ဟန်ကျိုးလီနဲ့ တကယ်ပတ်သက်နေတာလား!!

“ ဒီမှာဘာတွေဖြစ်နေတာလဲ ”
လုမန်ကိုငုံ့ကြည့်ရင်း ဟန်ကျိုးလီကမေးလိုက်သည်။ “ မင်းကိုလိုက်ဖမ်းနေကြတာလား ”

သို့ပေမယ့် လုမန် ဟင်းခနဲ သက်ပြင်း တစ်ချက်ချကာ ရှင်းလည်းမပြဖြစ်။

အရင်တစ်ခါ ဝင်လုံးတဲ့အချိန် ဟန်ကျိုးလီက အလိုက်အထိုက်သရုပ်ဆောင်ပေးခဲ့တာဟာ ကံကောင်းလွန်းလို့ ဟု မှတ်ယူရမည်။

သူ့ကိုမြင်တိုင်း အသုံးချနေလို့မဖြစ်..

ပြီးတော့ ဟန်ကျိုးလီက သူမနဲ့ ရန်ငြိုးမရှိသလို သူမစိတ်ပျက်အောင်လည်း တစ်ခုမှ မလုပ်ထားတာကြောင့် ဟန်ကျိုးလီကို ဒီပြဿနာထဲဆွဲသွင်းလိုက်ရင် သူမကိုယ်သူမ အထင်သေးမိမှာဖြစ်သည်။

“ အခြေအနေကို ပြောပြဖို့စိတ်ကူးမရှိဘူးလား ”
ဟန်ကျိုးလီ သူမရှင်းပြမှာကို စောင့်နေပေမယ့် တော်တော်ကြာတာတောင် လုမန်ကရှင်းမပြပေ။

“ သခင်လေးဟန် .. ရှင်ကျွန်မကိုတစ်ခါကူညီခဲ့ပြီးပါပြီ .. အဲဒီအတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ် .. ကျွန်မက အရေထူတဲ့သူ မဟုတ်ပါဘူး .. ဒါကြောင့်– ”

ပြောချင်တဲ့စကားတွေမဆုံးသေး .. ပွဲကြည့်ပရိသတ်တွေက အနားရောက်လာကြပြီးဖြစ်၏။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now