အေးစက်တဲ့လေတွေကအရိုးထဲစိမ့်ဝင်သွားပြီးကောင်းကင်ယံမှမြူခိုးများကိုတိုက်ခတ်ဖယ်ရှားသွားကာလမ်းလျှောက်သွားနေတဲ့သူတွေရဲ့မျက်နှာကိုအေးစိမ့်နေစေသည်။ဒါ့အပြင်အဲ့ဒါကကျင်းကျီရန်ရဲ့ပင်ပန်းနွမ်းနယ်မှုများကိုပါယူဆောင်သွားသည်။

ကျင်းကျီရန်ကအစောကြီးထပြီးကော်ဖီနှစ်ခွက်သောက်ထားတာတောင်အရမ်းပင်ပန်းနေသေးတာကြောင့်မတ်တပ်ရပ်နေရင်းနဲ့ပင်အိပ်ပျော်နိုင်သည်။

ဒီနေ့မှာ,ချွင်ယွဲ့ယောင်ကနောက်ဆုံးပေါ်ကြော်ညာထောက်ခံမှုတစ်ခုကိုရိုက်ဖို့ရှိသည်။ဒီတစ်ခေါက်ရိုက်ရမယ့်ထုတ်ကုန်ကအရှိန်အဟုန်ကောင်းလှတဲ့ mobile game တစ်ခုဖြစ်သည်။၎င်းသည် နာမည်ကြီးစိတ်ကူးယဉ် xianxia ပုံစံမျိုးဖြစ်ပြီးရှည်လျားတဲ့ဂုဏ်သတင်း တစ်ခုနဲ့လိုက်လျောညီထွေဖြစ်သော IP တစ်ခုဖြစ်သည်။

မနက်ခင်းသုံးနာရီလောက်မှာချွင်ယွဲ့ယောင်ကအိမ်ကထွက်ပြီးငါးနာရီမှာစတူဒီယိုကိုရောက်ရှိသည်။မျှော်လင့်ထားသလောက်တော့သူလေးနာရီလောက်ပြင်ရလိမ့်မည်။

ဒီလိုမျိုးရှေးခေတ်အဝတ်အစားပုံစံမျိုးလုပ်ရတာသူ့အတွက်ပထမဆုံးအကြိမ်ဖြစ်တာကြောင့်သူ့ရဲ့ဆံပင်ပုံစံနဲ့မိတ်ကပ်ပုံစံကိုချိန်ညှိဖို့လိုသည်လေ။အဲ့ဒါတွေထက်ကိုသူ့အဝတ်အစားတွေကအရမ်းရှုပ်ထွေးလွန်းတယ်...သံချပ်ကာအင်္ကျီမှာအလွှာခုနှစ်ခုရှစ်ခုလောက်ရှိပြီးအမတဝတ်စုံတွေကလည်းအပိုင်းငါးပိုင်းဒါမှမဟုတ်ခြောက်ပိုင်းလောက်ရှိသည်။လေးနာရီတောင်အပြီးသတ်ဖို့မလုံလောက်နိုင်ဘူး။

ကျင်းကျီရန်ကသူ့ကိုအဖော်ပြုပြီးတစ်မနက်လုံးအရှေ့ပြေးလိုက်အနောက်ပြေးလိုက်လုပ်ပြီးတဲ့အချိန်မှာသူ့ရဲ့မျက်ကွင်းညိုများကမေးစေ့ကိုတောင်ရောက်တော့မည်။

ချွင်ယွဲ့ယောင်ကလှမ်းပြောသည်။

"ကျင်းကော,ကားထဲကိုပြန်ပြီး သွားအနားယူလို့ရပြီလေ"

ကျင်းကျီရန်ကပြန်ပြောသည်။

"အကယ်၍ငါဒီမှာကြည့်မနေဘူးဆိုရင်မင်းကိုမိတ်ကပ်ပညာရှင်ကမိန်းကလေးဆန်အောင်လုပ်ပေးလိုက်ရင်ဘယ်လိုလုပ်မလဲ?"

(Completed )Thinking of Deer Fei Fei Where stories live. Discover now