Extra

6.1K 970 42
                                    

Unicode

🦒Extra🦌

ဒီနှစ်ကနွေးထွေးသည့်ဆောင်းရာသီပင်။

ကြည့်ရတာမြို့တစ်ခုလုံးကိုကြီးမားပြီးမမြင်ရတဲ့အရံအတားတစ်ခုနဲ့ကာပေးထားပုံရသည်။ပြီးခဲ့သည့်ဆောင်းဦးရာသီကနေစပြီးအခုချိန်ထိတစ်မြို့လုံးနှင်းတစ်ပွင့်ပင်မကျခဲ့ပေ။သို့သော်တစ်ခြားမြို့ကြီးတွေနဲ့အနီးအနားကမြို့ငယ်တွေကတော့အစောကတည်းကဆီးနှင်းများနဲ့ထပ်ခါထပ်ခါဖုံးလွှမ်းနေခဲ့သည်။

သစ်ကုလားအုတ်ကဲ့သို့အပူပိုင်းဒေသသတ္တဝါများအတွက်ရာသီဥတုအေးခြင်းသည်သူ၏တစ်ခုတည်းသောအားနည်းချက်ဖြစ်သည်။

ဖေးချောင်းကအအေးဓာတ်ကိုအရမ်းကြောက်သည်။ဆောင်းဦးရာသီရောက်တာနဲ့သူကအပူခံ underwear များဝတ်တတ်သည်။

တစ်ချိန်တုန်းကသူ variety show တစ်ခုမှာပါဝင်တဲ့အချိန်တစ်စုံတစ်ရာကိုကောက်ဖို့ခါးကိုင်းလိုက်တဲ့အချိန်မှာအနက်ရောင်အပူခံ underwear ရဲ့အစွန်းလေးကသူ့ဂျင်းဘောင်းဘီရဲ့ခါးပတ်နေရာကနေပေါ်လာသည်။အဲ့ဒါကိုကင်မရာကလည်းအတိအကျဖမ်းမိသွားပြီးအဲ့ဒီအချိန်တုန်းကဆို hot topic ပင်ဖြစ်သွား၏။

အမျိုးသမီး cast တစ်ယောက်ဆိုရင်သူ့ရဲ့ အအေးဒဏ်ကိုခုခံနိုင်မှုကသူမထက်တောင်ဆိုးဝါးသေးတယ်ဆိုပြီးဟာသလုပ်ခဲ့သည်။

ဖေးချောင်းသည်အရမ်းကိုမှန်ကန်စွာဖြင့်တုန့်ပြန်သည်။

"ပိုပြီးမြင့်လေလေအပူချိန်ပိုကျလေလေဆိုတာမသိဘူးလား?ကျွန်တော်ကခင်ဗျားထက်စင်တီမီတာ,လေးဆယ်လောက်နီးနီးပိုမြင့်တာလေ,သေချာပေါက်ကျွန်တော်ကအအေးပိုကြောက်တာပေါ့"

"..."

အမျိုးသမီး castမှာတော့ အလွန်ဒေါသထွက်ပြီးမျက်စောင်းသာ ပိတ်ထိုးနေတော့သည်။အကြောင်း ကတော့သူမရဲ့အေဂျင်စီကသူမရဲ့ တရားဝင်အမြင့်ကို၁.၆၂ မီတာ လို့ကြေညာခဲ့တယ်လေ။သူမက ပွဲဦးထွက်ကတည်းက(၈)စင်တီမီတာ ထက်နိမ့်တဲ့ဒေါက်ဖိနပ်တွေကိုမဝတ်ခဲ့ဘူး

........

ချွင်ယွဲ့ယောင်ကတော့ဆောင်းရာသီကိုသဘောကျသည်။တစ်ခြားလူတွေကတော့ဆောင်းရာသီကိုမှောင်မိုက်ပြီးအထီးကျန်တယ်လို့ခံစားရပေမယ့်သူကတော့ဆောင်းရာသီကကြည်လင်ပြီးရှင်းလင်းတယ်ဟုခံစားရသည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now