Chapter(22)

2.9K 807 40
                                    

Unicode

Chapter(22)

အဝတ်လဲခန်းထဲမှာပြတင်းပေါက်မရှိတာကြောင့်အလင်းပျောက်သွားသည်နှင့်ချက်ချင်းပင်မဲမှောင်လှတဲ့လှောင်အိမ်တစ်လုံးလိုဖြစ်သွားတော့သည်။ကော်ရစ်တာမှာပရမ်းပတာဖြစ်နေတဲ့အသံများလည်းရှိနေပြီး scene မှာတာဝန်ရှိတဲ့လူကကျယ်လောင်စွာအော်ဟစ်နေသည်။အသံကအလွန်ကြည်လင်ပြီးတံခါးကနေဖောက်ဝင်လာသည်။ကြည့်ရတာစတူဒီယိုတစ်ခုလုံးမီးပျက်သွားပုံပဲ

လူတွေဟာရုတ်တရက်မှောက်မိုက်မှုထဲကျရောက်သွားရင်အနားကအပူအရင်းအမြစ်ရှိရာကိုသတိလက်လွတ်နဲ့တိုးသွားတတ်ကြပြီးဖေးချောင်းကလည်းချွင်းချက်မဟုတ်လေဘူး။သူနားလည်လိုက်တဲ့အချိန်မှာသူနဲ့ချွင်ယွဲ့ယောင်တို့က,နှစ်ယောက်ကြားထဲကွာခြားမှုနည်းနည်းတောင်မရှိပဲတစ်ယောက်နဲ့တစ်ယောက်ပူးကပ်လုနီးပါးပင်ဖြစ်နေပြီ။

ဖေးချောင်း : "..."

အမှောင်ထဲမှာချွင်ယွဲ့ယောင်ကရုတ်တရက်စကားပြောလာသည်။

"ဖေးချောင်း,မင်းစကားကိုပြီးအောင်ပြော"

"...ဘာကို?"

"မင်းအခုလေးတင်ပြောလိုက်တာလေ'ကျွန်တော့အတွက်တော့,ခင်ဗျားက.....'ဆိုပြီး,ငါကျန်တဲ့စကားကိုနားထောင်ချင်တယ်"

ဖေးချောင်းသည်အမှောင်ထဲမှာပင်မျက်လုံးများပြုးကျယ်သွားမိပြီးအသံလာရာဦးတည်ဘက်ရှိသူ့စီနီယာအကိုရဲ့တည်နေရာကိုရှာဖွေမိသည်။အမှောင်ထုကလူတွေရဲ့အမြင်အာရုံကိုချို့ယွင်းစေပေမယ့်သူတို့ရဲ့အကြားအာရုံ၊အထိအတွေ့နဲ့ရနံ့အာရုံတို့ကိုတော့တိုးတက်သွားစေတယ်..

သူ့အနေနဲ့ချွင်ယွဲ့ယောင်ရဲ့အသက်ရှုသံနှေးနှေးလေးကိုလည်းကြားနိုင်တယ်၊သူ့စီနီယာအကိုရဲ့တောင့်တင်းပြီးချောမွေ့တဲ့အသားအရည်ကိုခံစားလို့ရသလိုသူ့ idol ရဲ့ခန္တာကိုယ်ပေါ်ကမွှေးရနံ့သင်းသင်းလေးကိုပါအနံ့ရနေသည်လေ။ဖေးချောင်းကစဉ်းစားမိသည်။

ဒီလောက်နီးနေတာချွင်ယွဲ့ယောင်တော့သူ့ရဲ့နှလုံးခုန်သံကိုကြားနိုင်နေမှာပဲဟု 

(Completed )Thinking of Deer Fei Fei Where stories live. Discover now