Chapter(12)

3.3K 818 21
                                    

Unicode

Chapter(12)

ဖေးချောင်းသည်အမျိုးသမီးမှိုလေးနှစ်ယောက်အားငုံ့ကြည့်လိုက်ပြီးသူ့မျက်နှာကိုတင်းနိုင်သမျှတင်းထားလိုက်သည်။သူတို့သူ့ဆီကဒီလိုမျက်နှာမျိုးမြင်လိုက်ရရင်နောက်ပြန်ဆုတ်သွားပြီးသူ့ဆီကလက်မှတ်ထပ်မတောင်းဖို့မျှော်လင့်ရင်းပေါ့..

သူတို့ကိုင်ထားတဲ့စာအုပ်က သူ့ထုတ်ဝေခဲ့တဲ့ပထမဆုံးနဲ့ တစ်အုပ်တည်းသော comic ဖြစ်သည်။စာအုပ်အဖုံးပေါ်မှာ စာရေးသူရဲ့နာမည် 'သမင်လေးဖေးဖေး' အားအလွန်ကောင်းမွန်သည့်လေဆာနည်းပညာကိုသုံးပြီးမတူညီတဲ့အလင်းရောင်အတိုင်းမတူညီတဲ့အရောင်များဖြစ်ပေါ်စေရန်ထွင်းထည့်ထားသည်။အဲ့ဒါကို rainbow Mary Sue colored ဟုလည်းခေါ်သည်။

တစ်ချိန်တုန်းကတော့ဖေးချောင်းသည်အဖုံးပေါ်မှာချွင်ယွဲ့ယောင်ရဲ့နူးညံ့သိမ်မွေ့သည့်စတိုင်အားစုတ်ချက်တစ်ချက်ခြင်းဆီတိုင်းသေချာအာရုံစိုက်စွဲခဲ့ပြီးကိုယ့်ကိုကိုယ်အလွန်ကျေနပ်အားရခဲ့ကာဒီကမ္ဘာတစ်ခုလုံးမှာသူ့လောက်လှအောင်ဆွဲနိုင်တဲ့သူရှိမှာမဟုတ်ဘူးဟုခံစားခဲ့ရသည်။

သို့သော်ဖေးချောင်းမှာချွင်ယွဲ့ယောင်နဲ့တွေ့ဆုံပြီးအတူတူစားသောက်၊သူနဲ့အတူတူကားစီးပြီး၊ပွဲတွေမှာအတူတူရိုက်ကူးရေးလုပ်ခဲ့ပြီးနောက်မှာတော့ဘယ်သူမှချွင်ယွဲ့ယောင်ကိုတကယ်တမ်းမဆွဲနိုင်ဘူးဆိုတာဖေးချောင်းနားလည်သဘောပေါက်သွားတော့သည်။

သူချွင်ယွဲ့ယောင်ရဲ့အလှအပကိုအပြင်ဘက်လိုင်းတွေကိုဖော်ပြနိုင်တယ်ဆိုပေမယ့်သူ့ရဲ့ကြီးကျယ်မြင့်မြတ်မှုကိုတော့မဖော်ပြနိုင်ဘူး..

အဆုံးမှာတော့ဖေးချောင်းသည်မှိုပွင့်လေးနှစ်ယောက်ရဲ့ချော့မော့မှုကိုတောင့်မခံထားနိုင်တော့ပဲအဖုံးပေါ်မှာတွန့်ဆုတ်ဆုတ်နဲ့စုတ်ချက်တစ်ချို့ဆွဲပေးလိုက်ရတော့သည်။

သူတို့ဆီကနေခက်ခက်ခဲခဲခွဲထွက်လာပြီးနောက်မှဖေးချောင်းသည်ချွင်ယွဲ့ယောင်ပြဿနာတက်နေတာကိုမြင်လိုက်ရတာကြောင့်ထိတ်လန့်သွားလေသည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now