Chapter(16)

3.3K 792 59
                                    

Unicode

Chapter(16)

ဖေးချောင်းကအိမ်ကိုစိတ်ရှုပ်ထွေးကြောင်အစွာဖြင့်ပြန်သွားမိပြီးတစ်ညလုံးလှဲကာစဉ်းစားနေသော်လည်းသူ့စီနီယာအကိုကဘာကိုဆိုလိုတာလဲဆိုတာကိုနားမလည်နိုင်ပေ။

သူကဘယ်သူ့လူလဲ?သူကတရုတ်လူမျိုးလေ...ဒါပေမဲ့သူ့စီနီယာအကိုကသူ့နိုင်ငံသားကိုမေးတာမဟုတ်ဘူးလို့ခံစားနေရတယ်

ထိုမေးခွန်းကသူ့ခေါင်းထဲမှာရက်အနည်းငယ်လောက်လှည့်ပတ်နေသည်မှာတစ်ပတ်ကြာပြီးနောက် @YangfanStudio ဆိုတဲ့ Weibo account ကနေ
 "Upstart Entertainment Company လက်အောက်မှအနုပညာရှင်ချွင်ယွဲ့ယောင်ရဲ့ Studio" မွေးဖွားလာခြင်း ဆိုတဲ့တရားဝင်လုပ်ဆောင်ချက်သတင်းများထွက်ပေါ်လာပြီးဆွဲဆောင်အားကောင်းလှသောစာလုံးရေတစ်ထောင်လောက်နဲ့မိတ်ဆက်စာတစ်စောင်ထွက်ပေါ်လာသည်အထိပင်။

ရိုးရိုးရှင်းရှင်းပြောရရင်တော့ထိုကြေညာချက်ကိုအကျဉ်းချုပ်လိုက်ရင်အချက်နှစ်ချက်ထွက်လာသည်။

ပထမတစ်ချက်,ချွင်ယွဲ့ယောင်က သူ့ကိုယ်ပိုင်နာမည်နဲ့စတူဒီယိုတစ်ခုကို တည်ထောင်လိုက်တယ်

ဒုတိယတစ်ချက်,ချွင်ယွဲ့ယောင်က သူ့အရင်ကုမ္ဗဏီကနေ trainees အနည်းငယ်ကိုပါလက်မှတ်ထိုးပြီး ယူဆောင်သွားတယ်

သူ့ Weibo ပေါ်တွင်သူ့ကုမ္ဗဏီအသစ် လက်အောက်မှာပါဝင်မည့်တွဲဖက် အသစ်များကိုပါတွဲတင်ထားသည်။ အကုန်လုံးကဖေးချောင်း တစ်လောလေးကမှအတူပူပေါင်း ရိုက်ကူးရေးလုပ်ခဲ့တဲ့ရင်းနှီးသော မျက်နှာများသာဖြစ်သည်။

 2.5 tier,3.8 tier နဲ့ 4.9 tier ပြီးတော့....... @DeerFeiFei.

တစ်ခြားလူတွေရဲ့ Weibo အကောင့်တွေကိုဖွင့်ကြည့်လိုက်ရင် အားလုံးကအလုပ် promotion
 တွေနဲ့ selfies များချည်းသာ

@DeerFeiFei ရဲ့  Weibo တစ်ခုတည်းကသာအကုန်လုံးက 
manhua, manhua, manhua, ချွင်ယွဲ့ယောင်ကို promote လုပ်တယ်ပြီးရင် manhua, manhua, manhua....ဒါ့အပြင် @DeerFeiFei ရဲ့တရားဝင်အချက်အလက်တွေကအနုပညာရှင်တစ်ယောက်မဟုတ်ပဲ "Chinese Manhua Grand Prix Champion, Short Story Category"
 ဖြစ်နေလေသည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now