Chapter(29)

3.2K 760 60
                                    

Unicode

Chapter(29)

လူတိုင်းမျှော်လင့်ထားသလိုပဲ concert ရဲ့ဖွင့်ပွဲပြီးလို့(24)နာရီအတွင်း ချွင်ယွဲ့ယောင်ရဲ့နာမည်ကဖျော်ဖြေရေး မီဒီယာအားလုံးရဲ့ခေါင်းကြီးပိုင်း သတင်းဆီရောက်သွားပြီး concert နဲ့တစ်စုံတစ်ရာပတ်သတ်နေတဲ့ လူတိုင်းကိုဆွဲဆောင်သွားသည်။

မီဒီယာများသည်ချွင်ယွဲ့ယောင် ရေထဲကျသွားတဲ့အဖြစ်အပျက်ကို ထပ်ခါထပ်ခါခွဲခြမ်းစိတ်ဖြာကြသည်။ သူတို့ကမုန်တိုင်းထန်သလိုမျိုးရေး သားကြပြီးမတော်တဆမှုတစ်ခုလုံးကို မယုံနိုင်စရာစိတ်လှုပ်ရှားဖို့ကောင်းတဲ့ အဖြစ်အပျက်ကြီးဖြစ်သွားစေသည်။

ထိုတင်ပြချက်များကိုမြင်ပြီးသည့်နောက်, ကျင်းကျီရန်သည်,ချွင်ယွဲ့ယောင်က နိုးလာတာနဲ့စင်ပေါ်တက်သွားပြီး သူအပြင်းအထန်ဒဏ်ရာမရပါဘူး ဆိုတာကိုသက်သေပြလိုက်သည်အား အလွန်အမင်းကျေးဇူးတင်မိသွားသည်။ မဟုတ်ရင်တော့ဒီမီဒီယာတွေရဲ့ ကလောင်လက်အောက်မှာချွင်ယွဲ့ယောင် ကမနက်ဖြန်ပဲအသုဘအခန်းအနား ကျင်းပရလိမ့်မည်။

Weibo ရဲ့ hot search ထိပ်တန်းဆယ်နေရာတွင် ချွင်ယွဲ့ယောင်ကခုနှစ်နေရာ ချိတ်သည်။တစ်ခြားအနုပညာရှင် တွေရဲ့,ဗိုက်ကြီးတယ်တို့,ကလေး မွေးတယ်တို့,ဆိုတဲ့အတင်းအဖျင်း တွေထွက်လာတာတောင်မှ သူ့ကိုဆွဲမချနိုင်ပေ။

သူတို့ထဲမှာတိတ်တိတ်လေးပေါ်လာတဲ့ 
tag တစ်ခုကကျင်းကျီရန်ကို အလွန်စိတ်ညစ်သွားစေသည်။

ထို tag က "Sleeping Beauty"ဟုခေါ်သည်။

ကျင်းကျီရန်ကကြုံရာကျပန်း နှိပ်ကြည့်လိုက်သောအခါအဲ့ဒီ tag ကတကယ်ကြီးချွင်ယွဲ့ယောင်နဲ့ ဖေးချောင်းရဲ့ crack ship ဖြစ်နေသည်လေ။

(T/N - crack ship = အတိအကျဘာသာပြန်ရရင်
'စီစဉ်ထားတဲ့လက်ထပ်မင်္ဂလာပွဲ'
ပါ fan တွေက ship ပေးလိုက်တဲ့ CP ပေါ့။ဒါပေမဲ့အဲ့ဒီ CP မျိုးက,ပါဝင်တဲ့နှစ်ယောက်ဟာ ship ရလောက်အောင်တစ်ယောက်နဲ့ တစ်ယောက်အထိအတွေ့လည်း သိပ်မရှိ၊သက်သေလည်းမရှိတာမို့လို့ fan တွေကသူတို့ဘာသာပေးစားလိုက်တာ)

(Completed )Thinking of Deer Fei Fei जहाँ कहानियाँ रहती हैं। अभी खोजें