Chapter(3)

5.6K 1.1K 27
                                    

Unicode

Chapter(3)

ချွင်ယွဲ့ယောင်သည်အစကတော့သိပ်ပြီးနာမည်မကြီးခဲ့ပေ။

သူပွဲဦးမထွက်ခင်တုန်းကဆိုရင်(၅)နှစ်ထိသင်တန်းသားပဲဖြစ်ခဲ့သည်။အသက်(၁၅)နှစ်မှာသူပထမဆုံးကုမ္ဗဏီကိုစဝင်တော့သူ့ပုံစံကခြောက်သွေ့နေတဲ့ပဲပင်ပေါက်လေးလိုပင်။အဲ့ဒီအချိန်တုန်းကသူ့မှာမျက်ရစ်တစ်ခုပဲရှိပြီးသူ့နှာတံကလည်းသိပ်မစင်းသေးဘူးပြိးတော့သူ့မေးစေ့ကလည်းသိပ်ပြီးမချွန်သေးဘူး...

သူကတစ်ခြားအသက်(၂၀)အရွယ်ကောင်လေးတွေကြားထဲရောက်နေခဲ့ပြီးထင်ရှားမှုလည်းမရှိခဲ့ပေ။

အင်တာဗျူးမှာသူ့ကိုအင်တာဗျူးတဲ့သူကဘာကိုကောင်းကောင်းလုပ်တတ်လဲလို့မေးတော့သူကအကလို့ပြန်ဖြေခဲ့သည်။ထိုကောင်လေးအယောက်(၂၀)ထဲကတစ်ဝက်လောက်က,အကတော်ကြသည်။ jazz, Latin အက, ဒါမှမဟုတ် hip hopပေါ့..နှစ်ယောက်ဆိုရင်ဘဲလေးကိုပါလေ့ကျင့်ဘူးကြသည်ဒါ့အပြင်အတော်လေးကိုကောင်းကောင်းကနိုင်ကြသည်။

နှိုင်းယှဉ်ရရင်တော့ချွင်ယွဲ့ယောင်ရဲ့အကကအတော်လေးထူးခြားသည်။သူကရိုးရာအကကိုကခဲ့သည်လေ။

ဒါပေမဲ့လည်းအတော်လေးကိုနည်းတဲ့လူအနည်းစုလောက်သာထိုလူမျိုးစုရိုးရာအကကိုသိကြသည် –သူကမိုဂိုအကကိုကခဲ့ခြင်း။

သူပထမဆုံးပွဲဦးထွက်နိုင်တဲ့အချိန်မှာသူတို့အုပ်စုကပိန်ပါးပြီးကြည့်ကောင်းတဲ့ကောင်လေးရှစ်ယောက်နဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာအကုန်လုံးမှာသူတို့ရဲ့ကိုယ်ပိုင်စတိုင်နဲ့အလှရှိကြသည်။ချွင်ယွဲ့ယောင်ကအကြီးဆုံးမဟုတ်တာကြောင့်ခေါင်းဆောင်တော့မဖြစ်ခဲ့ဘူးသူကအငယ်ဆုံးလည်းမဟုတ်တာကြောင့်maknaeလည်းလုပ်လို့မရပြန်...

ဈေးကွက်ရှာဖွေရေးဌာနကအုပ်စုရဲဈေးကွက်ရှာဖွေရေးဦးတည်ရာကိုဆွေးနွေးကြတော့ပထမဆုံးလုပ်ဖို့ကသူတို့တစ်ဦးချင်းဆီတိုင်းအတွက်'အမျိုးအစား'သတ်မှတ်ပေးဖို့ပဲ

'အမျိုးအစား',၎င်းသည်တောင်ကိုရီးယားရဲ့ဖျော်ဖြေရေးလုပ်ငန်းမှထွက်ပေါ်လာသည့်စကားလုံးဖြစ်ပြီးတစ်ဦးချင်းဆီတိုင်းရဲ့ကောင်းကောင်းလုပ်နိုင်တဲ့အရာကိုရှာဖွေဖို့ကြိုးစားခြင်းဖြစ်သည်။ ဥပမာအားဖြင့် 'ကိုယ်ခံပညာ တတ်တဲ့အနုပညာရှင်မျိုး'၊ 'အကသမား'၊'အဆိုသမား'၊' Rap သမား'တို့ဖြစ်သည်။ချွင်ယွဲ့ယောင်ကတော့အဲ့ဒါကမူလတန်းကျောင်းတွေမှာပထမဆုံးအတန်းတွေ့ဆုံခြင်းလုပ်တာနဲ့ဆင်တူတယ်လို့တွေးမိသည်။ကလေးတိုင်းကိုအနေအထားတစ်ခုပေးလိုက်အဲ့ဒါဆိုလူတိုင်းပျော်ရွှင်ရလိမ့်မယ်

(Completed )Thinking of Deer Fei Fei Where stories live. Discover now