Chapter(23)

3K 786 18
                                    

Unicode

Chapter(23)

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကစတူဒီယိုတစ်ခုလုံးကိုလုံးဝမှောင်မိုက်သွားစေသည်။ကံကောင်းစွာနဲ့,ဒီနေ့သူတို့ရိုက်တဲ့ကြော်ညာကကြိုတင်ပြီးသိမ်းဆည်းထားပြီးသောကြောင့်ပင်မဟုတ်လို့ကတော့သူတို့တွေပြန်ရိုက်နေရလိမ့်မည်။

စတူဒီယိုကပြတင်းပေါက်မရှိတဲ့အလုံပိတ်မျိုး။လေဝင်လေထွက်အတွက်လေအေးပေးစက်ကိုမှီခိုရပြီးအလင်းရောင်အတွက်မီးလုံးများကိုမှီခိုရသည်။အခုချိန်မှာလျှပ်စစ်မရှိတော့တာကြောင့်အလျင်အမြန်ပင်ရှေးခေတ်ကိုပြန်ရောက်သွားကြတော့သည်လေ။

တာဝန်ရှိသည့်လူကအလျင်အမြန်ပြေးလာပြီးတောင်းပန်စကားဆိုကာသူတို့ကိုတတ်နိုင်သမျှအမြန်ဆုံးထွက်သွားဖို့ပြောလာသည်

ချွင်ယွဲ့ယောင်နဲ့ဖေးချောင်းတို့ကသူတို့ရဲဖုန်းမီးအလင်းရောင်နဲ့ပဲအဝတ်လဲလိုက်ကြပြီးမိတ်ကပ်အပြည့်နဲ့ထွက်ခွာလိုက်ကြသည်။

အခုချိန်ကငါးနာရီသာရှိသေးတာကြောင့်စတူဒီယိုအပြင်ဘက်မှာကြောက်စရာကောင်းလောက်အောင်လင်းထိန်နေသည်။ဖေးချောင်းကအလင်းကြောင့်မျက်စိစူးသွားပြီး,မသိစိတ်နဲ့လက်မြှောက်ကာလိုက်ကာ,အမှောင်ထဲမှာဘာဖြစ်သွားလဲဆိုတာအားကိုယ့်ကိုကိုယ်သတိပေးလိုက်သည်။

ကျင်းကျီရန်ကသူ့ကိုလောဆော်သည်

"ဘာလို့အဲ့ဒီမှာရပ်နေတာလဲကားထဲဝင်လေ"

ဖေးချောင်းကငေးကြောင်ကြောင်နဲ့ 'အမ်း' ဟုသာရေရွတ်လိုက်ပြီးသိသိသာသာကိုအတွေးလွန်နေသည်။

ကျင်းကျီရန်ကချွင်ယွဲ့ယောင်ကိုလှည့်ကြည့်လိုက်ပြီးမျက်မှောင်ကျုံ့ကာမေးမိသည်။

"မင်းအစောတုန်းကဘာလုပ်လိုက်လို့လဲ?"

ချွင်ယွဲ့ယောင်ကတည်ငြိမ်စွာပြန်မေးသည်။

"ငါဘာလုပ်နိုင်မှာမို့လို့လဲ?မင်းကဒီလောက်အစောကြီးရောက်လာပြီးတော့"

ကျင်းကျီရန်သည် 'မင်းတစ်ယောက်ယောက်ကို ဖျတ်ဆီးလိုက်တာလား' ဆိုတဲ့စကားလုံးအားဝါးနေမိသော်လည်းသူ့လစာအကြောင်းပြန်စဉ်းစားမိတဲ့အချိန်မှာတော့ဘာမှမသိသလိုသာဟန်ဆောင်ဖို့ဆုံးဖြတ်ချက်ချလိုက်တော့သည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now