Chapter(4)

5K 1.1K 74
                                    

Unicode

Chapter(4)

ဖေးချောင်းရဲ့ခေါင်းပေါ်ပြုတ်ကျတဲ့ပိုင်မုန့်ကအသားတင်များတာမဟုတ်ဘူးအရည်လည်းရွှမ်းပြီးနူးလည်းနူးညံ့တယ်....

ထို variety show ကကြီးကျယ်လှတဲ့ ထုတ်လုပ်မှုတစ်ခုဖြစ်ပြီး season တစ်ခုလုံးမှာ သရုပ်ဆောင်ငါးယောက်က ပုံသေဖြစ်ပြီးအပိုင်းတိုင်းမှာမတူညီတဲ့ဧည့်သည်သရုပ်ဆောင်ငါးယောက်ကိုဖိတ်ကြားကာသူတို့မှာစိတ်ပြင်းပြပြီးစိတ်အားထက်သန်တဲ့ပုံစံမျိုးရှိကြသည်။

အိုး,မေ့တော့မလို့,အဲ့ဒီ variety show ကို'သစ်တောထဲမှာဖားရှာဖွေခြင်း'လို့ခေါ်တယ်

နာမည်ကပြောထားတဲ့အတိုင်းပဲ variety show ရဲ့နေရာ setting ကဘယ်နေရာမဆိုဖြစ်နိုင်ပြီးဂိမ်းကိုရှင်းလင်းရမယ့်သော့ကတောက်ပတဲ့ရွှေဖားပြုတ်တစ်ကောင်ပဲ

အဲ့ဒီဂိမ်းရဲ့စည်းမျဉ်းစည်းကမ်းတွေက အတော်လေးရှုပ်ထွေးပေမယ့် အဲ့ဒီလိုရှုပ်ထွေးလို့လည်း program ရဲ့အန္တရယ်အရှိဆုံးအထွတ်အထိပ်ရောက်သွားတဲ့အချိန်မှာပရိသတ်လှိုင်းလုံးကြီးကိုတစ်လုံးပြီးတစ်လုံးရိပ်သိမ်းနိုင်ခဲ့သည်လေ။

အဲ့ဒါထဲမှာဖေးချောင်းရဲ့အကြိုက်ဆုံးက 'dinner program' ပဲ....တကယ်တော့သူစားတာကအရမ်းမြန်တယ်...မြန်လွန်းလို့ပွဲမပြီးခင်ကြေညာတာမပြီးခင်မှာပဲစားလို့ပြီးသွားလိမ့်မယ်

သူကသူ့ပွဲဦးထွက်ပြီးရင်အဲဒီပွဲကနေ ဖိတ်ကြားခံရဖို့စိတ်ကူးယဉ်ဖူးပေမယ့် ပွဲဦးတောင်မထွက်ရေးခင်အဲ့ဒီ show မှာပါဝင်ရမယ်လို့မထင်ထားခဲ့မိဘူး... ဘာများပိုရှိဦးမှာလဲ,အဲ့ဒါက ချွင်ယွဲ့ယောင်ဆီကနေဖိတ်လာတာလေ

ချွင်!ယွဲ့!ယောင်!

ဖေးချောင်းကတစ်ညလုံးထိုင်နေမိတာကြောင့်နောက်တစ်နေ့မှာတော့သစ်ကုလားအုတ်ကနေလည်ပင်းရှည်ပန်ဒါဖြစ်နေလေပြီ။

သူတို့တွေမနက်ခင်းကုမ္ဗဏီရဲ့ကားပါကင်မှာတွေ့ဆုံကြသည်။ဖေးချောင်းကအရမ်းကိုရင်တုန်နေတာကြောင့်လမ်းလျှောက်တဲ့အချိန်မှာညှိနှိုင်းတိုင်ပင်မှုမရှိသလိုဖြစ်နေသော်လည်း ချွင်ယွဲ့ယောင်ကတော့အရမ်းကိုတည်ငြိမ်ပြီးအေးဆေးနေသည်။

(Completed )Thinking of Deer Fei Fei Where stories live. Discover now