Chapter 23(U+Z)

936 94 6
                                    

ညသည်နှင်းစက်ဖွေးဖွေးတို်နှင့်လရောင်ကင်းမဲ့လျှက်....သို့သော်လည်းခရစ္စမတ်ညမို့ရောင်စုံမီးလုံးများကထိန်ထိန်ညီးလျှက်...အခြေခံလူတန်းစားတို့နေထိုင်ရာရက်ကွပ်လေးဟာလည်း..ဒီညမှာတော့နိဗ္ဗာန်ဘုံလေးလိုပါပဲ...မိသားစုသိုက်သိုက်ဝန်းဝန်းလေးနဲ့စုပြီးစားသောက်ပျော်ရွှင်တဲ့အခါရရှိတဲ့နွေးထွေးမှုလေးဟာအေးစက်တဲ့ညကိုနွေးထွေးစွာပဲကျော်ဖြတ်နိုင်လေရဲ့.....

"မ...ဘာတွေငေးနေတာလဲ..."

ဝရံတာမှာနှင်းတွေဖုံးနေတာကြောင့်ဝရံတာတံခါးကိုပိတ်ထားရသည်..မကထိုတံခါးလေးကနေတစ်ဆင့်ဝရံတာဘက်ကိုငေးနေလေရဲ့...

"နှင်းတွေလေ...နှင်းစက်တွေကိုပေါ့ငယ်...ငယ်သူတို့ကိုသဘောကျလား..."

"အင်း..သဘောကျတယ်မ...သူတို့ရဲ့ဖြူစင်တဲ့ပုံစံလေးတွေကိုအရမ်းသဘောကျတယ်....မရောသဘောမကျဘူးလား..."

မသည်ခပ်ဆွေးဆွေးသာအပြင်ကိုငေးနေသည်...နှုတ်ခမ်းလေးကပြုံးတုံ့တုံ့နှင့်
"ဟင့်အင်း.....သဘောကျရလောက်အောင်ထိသူတို့ကိုမစွဲလမ်းနေပါဘူး....အချိန်တန်ရင်ပျောက်ကွယ်သွားကြမှာပဲ..."

Rosé...မကိုဘာမှပြန်မပြောဘဲငေးသာကြည့်နေမိသည်...မရဲ့စကားတစ်ချို့ကိုခုထိသူနားမလည်နိုင်ပေ...

"ငယ်...."

မဟာသူမကိုတိုးညှင်းစွာနဲ့ခေါ်နေလေရဲ့...

"အင်း..ပြောလေမ..."

"သီချင်းတစ်ပုဒ်လောက်ဆိုပြမယ်မဟုတ်လား.."

Roséပြုံးလိုက်မိသည်...သူရဲ့မကသူ့ကိုသီချင်းဆိုပြစေချင်နေလေရဲ့...

"ရတာပေါ့..မရဲ့..ငယ်ကမအတွက်ဆိုဘာမဆိုအဆင်သင့်ပဲ..နော်..."
မခေါင်းလေးကိုခပ်ဖွဖွပုပ်ပြီးဂီတာယူရန်အိမ်ထဲသို့ဝင်လာခဲ့သည်....

မရဲ့အခန်းထဲမှာထားတားသောဂီတာလေးကိုယူပြီးပြန်ထွက်ဖို့ပြင်နေစဥ်မှာပင်မြင်လိုက်ရသည်က.....

ပွင့်နေသောအံဆွဲနှင့်...အထဲမှမြင်နေရသောဆေးရုံတံဆိပ်ပါစာအိတ်တစ်ခု...လက်ထဒမှဂီတာကိုကုတင်အော်တင်လိုက်ပြီးထိုအံဆွဲထဲမှစာအိတ်ကိုယူလိုက်သည်...စာအိတ်ကဖွင့်ပြီးသားမို့မလည်းကြည့်ပြီးလောက်ပြီထင်သည်..
စာအိတ်ထဲမှထွက်လာသောဆေးစစ်ချက်စာရွက်တွေကိုသူမသေသေချာချာဖတ်ကြည့်လိုက်သည်.....

KILL THIS LOVE (Complete)Where stories live. Discover now