Chapter 6(U+Z)

832 87 0
                                    

At paradise cafe..

ကော်ဖီဆိုင်လေးရဲ့ထောင့်ကျကျစားပွဲဝိုင်းလေးတွင်မိန်းမကယ်လေးတစ်ဦးထိုင်နေသည်...မှန်များဖြင့်ကာရံထားသောကြောင့်မြင်နေရသောလမ်းမကြီးထက်ဆိုင်အပြင်ဘက်ကိုမျက်နှာမူလျှက်ပင်..maskတပ်ထားသောသူမဟာမည်သူမှန်းမသိစေချင်ပုံ...လက်ထဲတွင်ice americano တစ်ခွက်ကိုကိုင်ထားသည်...သူမမသောက်ပါ...ထိုခွက်မှကော်ဖီတို့တစ်စက်မှမလျော့ချေ
...ဆိုင်မှာထိုင်နေ၍သာမှာထားပုံ...သူမရဲ့လက်တို့သည်ထိုကော်ဖီခွက်ကိုသာတစ်တောက်တော်နှင့်ခေါက်နေလေသည်...သူမပုံစံမှာစိတ်လှုပ်ရှားနေသယောင်...

မကြာမီမှာပဲဆိုင်ထဲသို့နောက်ထပ်မိန်းမလှလေးတစ်ဦးဝင်လာသည်...ကြည်လင်သောအသားရည်ထက်တွင်အဖြူရောင်ဂါဝန်လေးကိူဝတ်ဆင်ထားသည်...ဆောင်းဝင်ခါစအနည်းငယ်အေးနေ၍...အပြာရောင်အနွေးထည်ပါးလေးကိုပါဝတ်ဆင်ထားသည်....ထိုမိန်းမလှလေးသည်ဆိုင်ထဲသို့ဝေ့ဝဲကာတစ်ခုခုရှာနေဟန်...နောက်မှထောင့်ကျကျစားပွဲမှာထိုင်နေသောmaskတပ်ထားသောမိန်းကလေးဆီလျှောက်သွားခဲ့သည်...

"စောင့်နေရတာကြာသွားလား...Chae young"

သူမရဲ့အသံသည်ချိုလည်းမချိုသာကြမ်းလည်းမကြမ်းတမ်း..ခံစားချက်မပါခပ်တန်းတန်းဆက်ဆံရေးနှင့်​ပြောနေသယောင်...

"အင်းမကြာသေးပါဘူး..jisoo"

Roséအသံကိုထိန်းကာပြောနေရသည်...jisooသည်ဘယ်လိုပဲနေနေသူမရဲ့နှလုံးသားအားလှုပ်ခါနိုင်လွန်းသည်...ရင်ခုန်ရုံနှင့်အချစ်ဟုမသတ်မှတ်ချင်သေးပါ..သူမထပ်ပြီးသေချာအောင်စမ်းသပ်ရမည်...

"တို့အထင်တော့ငါကမင်းထက်ကြီးတယ်..Chae young..ဒါ့ကြောင့်ရိုသေမှုတော့ထားပါ...."

သူမကိုတည့်တည့်ကြည့်ကာပြောနေသောjisooသည်အေးစက်လွန်းလှသဘ်..မျက်နှာတွင်လည်းဘာခံစားချင်မှမရှိအသက်မဲ့စွာပြောနေသည်...Roséဆိုသောသူမကလည်းထိုအရာကိုပင်ရင်ခုန်နေမိပြန်သည်...

ထိုစဥ်အနားသို့ရောက်လာသောစားပွဲထိုးလေး..jisooထံသို့menu cardကိုပေးတော့jisooကတစ်ရွက်ချင်းလှန်ုပြီးmenuကိုဖတ်နေသည်..ထိုစားပွဲထိုးကောင်လေး၏မျက်လုံးများသည်jisooထံမှအကြည့်မခွာချေ....သူမရဲ့စိတ်ထဲမှာဒေါသထွက်သလို...မနှစ်သက်သလိုခံစားနေရသည်..မကြိုက်ပါ...jisooကိုတစ်ခြားသူများထိုမျက်လုံးများနှင့်ကြည့်နေသည်ကိုမကြိုက်ပါ..ထို့ကြောင့်..

KILL THIS LOVE (Complete)Où les histoires vivent. Découvrez maintenant