Chapter 19(U+Z)

805 103 18
                                    

Unicode

ဒီဇင်ဘာလလေးရဲ့အစ.....
အေးမြသည်...နှင်းစက်နှင်းမှုန်များ...ချယ်ရီပန်းများနှင့်..လှပလွန်းသောလလေးသို့ရောက်ခြေပြီ...
ဆိုးလ်မြို့ကြီး၏ဆင်ခြေဖုံးရက်ကွပ်လေးတစ်ခုရှိတိုက်ခန်းငယ်လေးတစ်ခုအတွင်း..

"ငါ...ငါ..ဘာလုပ်ရမလဲ..ငါလက်မခံနိုင်ကြောင်းငြင်းလိုက်ရတော့မလား..."

Jisooတစ်ယောက်သူမရဲ့လက်ထဲမှလိပ်စာကဒ်လေးကိုကိုင်ကာတွေးနေမိသည်...သူမငယ့်ကိုစွန့်လွှတ်လိုက်ရမလား...ဒါမှမဟုတ်..သူ့အတွက်..သူပျော်ဖို့တစ်ခုအတွက်ငယ့်ကိုရွေးချယ်လိုက်ရမလား..ငယ့်ကိုသာရွေးချယ်လိုက်ရင်..အဆုံးသတ်ဟာငယ့်အတွက်သိပ်ကိုရက်စက်ရာကျစေမှာ....သူမမမြင်နိုင်တော့တဲ့အချိန်မှာငယ်ဟာနာကျင်ပြီးကျန်ရစ်ခဲ့ရမှာလား...

"အဟွတ်..အဟွတ်..ဟွတ်.."
စားပွဲပေါ်တင်ထားသောလက်ကိုင်ပဝါလေးကိုယူကာပါးစပ်သို့အုပ်လိုက်သည်...ရောဂါဆိုတာလူသိသွားမှပိုပိုဆိုးလာတတ်တဲ့..အရာဆိုတာသူမနားလည်လိုက်မိသည်..သူမမှာထိုရောဂါရှိနေမှန်းမသိခင်ကဘာမှထွေထွေထူးထူးမဖြစ်သော်လည်း..သိလိုက်ရချိန်မှာတော့..

လက်ထဲမှလက်ကိုင်ပဝါလေးအားကြည့်လိုက်သည်..စွန်းထင်ပြီးကျန်ရစ်ခဲ့ပါသောအနီရောင်အစက်များ..အကွက်များ...သွေး..သွေးတွေလေ.

သူမလက်ကိုင်ပဝါလေးမှာပေနေသောသွေးစလေးများကိုလက်ချောင်းတို့ဖြင့်ဖွဖွလေးတို့ကြည့်လိုက်သည်...သူမနားထဲရုတ်တရပ်ကြားလာရတာက

ဘယ်အချိန်ဘယ်နေရာမှာပဲဖြစ်ဖြစ်မရဲ့ရှေ့မှာညီမအမြဲတမ်းရှိတယ်နော်..မကိုအမြဲကာကွယ်ပေးမှာ..ညီမကိုယုံနော်..

သူမခပ်ပါးပါးလေးပြုံးမိသည်...မဟုတ်ဘူး..ပြုံးရုံလေးသာပြုံးတာပါ..

အလိုလိုနေရင်းငယ့်အသံကိုတောင်ကြားနေမိပြီ..စွဲလမ်းနေပြီထင်ပါရဲ့ငယ်..

သူမလက်ထဲကလိပ်စာကဒ်လေးကိုတင်းတင်းစုပ်လိုက်သည်...ဖုန်းကိုယူကာနံပါတ်တစ်ခုကိုရိုက်ထည့်လိုက်သည်..

တူ...တူ...တူ..

တစ်ဖက်မှတော်တော်နှင့်မကိုင်...

KILL THIS LOVE (Complete)Onde as histórias ganham vida. Descobre agora