Chapter 12(U+Z)

797 90 7
                                    

Unicode

မိုးကောင်းကင်သည်နှင်းပွင့်တို့နှင့်ရောယှက်၍မှိုင်းအုံ့ကာနေသည်...တလိမ့်လိမ့်ကျဆင်းနေသောနှင်းစက်များသည်တစ်စက်ချင်းတစ်စက်ချင်းစုကာများပြားလှသောနှင်းမှုန်များအဖြစ်ဆိုလ်းမြို့ကြီး၏လမ်းများပေါ်ဖုံးအုပ်ထားသည်....ထိုလမ်းများပေါ်တွင်တော့ပျားပန်းခတ်သဖွယ်သွားလာလှုပ်ရှားနေကြသောလူသားတို့....အေးလွန်းသောဥတုကြောင့်long coatတွေhoddieတွေလက်အိတ်တွေနှင့်အမျိုးမျိုးနွေးထွေးအောင်ပြုလုပ်ထားကြသည်...
ဆိုလ်းမြို့၏တန်ဖိုးမြင့်ကွန်ဒိုတစ်ခုတွင်တော့..
အမျိုးသမီးငယ်တစ်ဦးသည်ကော်ဖီပူပူတစ်ခွက်ကိုလက်မှကိုင်ထားကာသူမ၏လက်မထိပ်ဖြင့်ကော်ဖီခွက်နှုတ်ခမ်းသားများကိုပွတ်သပ်နေသည်...အနွေးထည်ခပ်ပါးပါးတစ်ထည်ကိုဝတ်ဆင်ထားကာကွန်ဒို၏မှန်များဖြင့်ကာရံထားသောနံရံမှအပြင်ဘက်သို့ငေးကြည့်နေသည်...အခန်းထဲတွင်အနွေးပေးစက်ဖွင့်ထား၍သိပ်မအေး....ခေတ္တမျှအပြင်ဘက်သိုျ့ငးကြည့်ပြီးကာမှသူမရဲ့အခန်းတွင်းသို့ဝင်လာခဲ့သည်....ရိုးရှင်းမှုကိုကြိုက်သောသူမရဲ့အခန်းထဲတွင်ဇိမ်ခံပစ္စည်းများများစားစားတော့မရှိ...TVတစ်လုံးရယ်စားပွဲခုံလေးရယ်ကုတင်ရယ်သာနှင့်နံရံမှာချိတ်ဆွဲထားသောပန်းချီကားလေး.အောက်တွင်ရေးထိုးထားသောလက်မှတ်လေး....
Soyaaa....

သူမအခန်းလေးရဲ့စားပွဲပေါ်တွင်တော့မီးအိမ်ငယ်လေးတစ်လုံးနှင့်မိုးပြာရောင် ဒိုင်ယာရီစာအုပ်လေးတစ်အုပ်....ထိုသာအုပ်လေးသည်လွန်ခဲ့သောသုံးလနီးပါး..တစ်နည်းဆိုရရင်မကိုချစ်နေမှန်းလက်ခံလိုက်သည့်နေ့ကစ၍ရေးခဲ့ခြင်းပင်..ဒီစာအုပ်လေးဟာမနဲ့ပတ်သတ်တဲ့သူမဆီမှာရှိသောတစ်ခုတည်းသောအရာ....စာအုပ်လေးကိုဖွင့်ဖွင့်ချင်းမြင်လိုက်ရသည့်မဓာတ်ပုံလေး...မ မသိအောင်ခိုးရိုက်ထားရတာ...
စာမျက်နှာအသစ်တစ်ခုကိုလှန်ပြီး...မနဲ့ပတ်သတ်တဲ့အကြောင်းလေး..နှလုံးသားကဲ့ကဗျာငယ်လေးကိုသီကုံးပေဦးမည်...
နေ့စွဲလေးတစ်ခုဖြင့်အစချီလျှက်.....

"နှစ်လ..မနဲ့သူငယ်ချင်းလိုနေလာခဲ့တာနှစ်လနီးပါးရှိခဲ့ုပြီ.....သူငယ်ချင်းအမည်တပ်ထားရတဲ့တစ်ဖတ်သတ်အချစ်ဟာအချိန်တိုင်းပါလောင်လွန်းရပါတယ်....မ...မမသိဘူးနော်..မမျက်နှာလေးညှိုးသွားရင်တောင်ဒီလူသားကရူးခါသွားအောင်စိုးရိမ်နေတတ်ပြီဆိုတာမသိရဲ့လား...အချစ်..ဒီဝေါဟာရလေးဟာလှပပါတယ်...ပူလောင်မှုတွေကိုဖုံးကွယ်ထားတဲ့လှပသောစကားလုံးလေးနှစ်လုံး....မရယ်..တစ်နေ့တစ်ခြားညီမလေမကိုချစ်ရတာရင်ထဲမှာတစ်ဆစ်ဆစ်နဲ့နာကျင်လွန်းလို့ထုံနေပြီ...မဆိုတဲ့နာမ်စားလေးကလွဲရင်တစ်ခြားဘယ်အရာမှညီမနှလုံးသားကိုမလှုပ်ခတ်စေနိုင်တော့ဘူးဆိုတာမသိလား......ညီမရဲ့အချစ်တွေကိုမဘယ်တော့များမှမြင်မှာလဲမရယ်...

KILL THIS LOVE (Complete)Where stories live. Discover now