Chapter 14(U+Z)

804 84 18
                                    

Unicode

"မ...မငိုနဲ့တိတ်တော့နော်..ပင်ပန်းနေပြီ.."

ကြာနေပြီ..သူမငိုနေခဲ့တာ..တဟင့်ဟင့်နဲ့ရှိုက်နေတဲ့အသံလေးဟာတစ်ခါရှိုက်လိုက်တိုင်းရင်ကိုသံမှိုတစ်ချက်စွဲရိုက်လိုက်သလိုနာကျင်ရသည်..

သူမပြောမှ..မ ကသူမရင်ခွင်ထဲမှထွက်ကာမတ်တပ်ရပ်ရန်ပြင်သည်...သူမကတော့မရဲ့မျက်ရည်တွေစိုနေတဲ့နေရာလေးကိုခပ်ဖွဖွလေးပွတ်လျှက်...

"အား..."

"မ..မဘာဖြစ်တာလဲရရဲ့လား.."

"အာ..ရတယ်..ရတယ်ခုတလောဘာဖြစ်မှန်းမသိဘူးခေါင်းတွေခဏခဏကိုက်နေတယ်..."

"ဟင်....မဒါဆိုဆေးခန်းသွားပြရအောင်လာ..medical checkout တွေဘာတွေလုပ်မလား..အဲ့လိုခေါင်းခဏခဏကိုက်နေရင်အတင်မပြေဘူး..."

Roséကစိုးရိမ်မှုများဖြင့်တစ်တွတ်တွတ်ပြောနေသည်...jisooကတော့နား
ထောင်ချင်ပုံမပေါ်...သူမစိတ်ပူရသည်..မသည်..လွန်ခဲ့တဲ့တစ်လလောက်ထဲကချောင်းလည်းခဏခဏဆိုးနေသည်...သူမကြည့်မိသလောက်ချောင်းဆိုးများ၍လည်ချောင်းများကွဲသွားလေသလား...တံတွေးထွေးလိုက်ပါကသွေးပါသယောင်...

"အင်းပါ..Chae youngရယ်ငါအားတဲ့တစ်နေ့တော့သွားပြပါ့မယ်..."

မကစိတ်ဆိုးသွားသယောင်ခပ်ဆောင့်ဆောင့်လေးလုပ်ပြီးရှေ့မှကော့တော့ကော့တော့ဖြင့်ထွက်သွားသည်...သူမကတော့ခေါင်းကိုသာ​ဖြေးညှင်းစွာခါပြီး....သက်မချ၍သာမနောက်ကိုလိုက်ခဲ့တော့သည်...
.................... ................... .................... ................ .............
ကုန်တိုက်ကနေမကိုအိမ်လိုက်ပို့တော့မကညစာစားပြီးမှပြန်ဟုဆိုသောကြောင့်....ဧည့်ခန်းတွင်သာထိုင်၍စောင့်နေမိသည်...မနက်ထဲကရုပ်ဖျက်ထားသည့်maskကိုခုမှချွတ်ခွင့်ရသည်...သူမဖုန်းကိုထုတ်ကြည့်မိတော့..အမso young...သူမရဲ့မန်နေဂျာဆီမှအဝင်callsများ messageများ..

သူမသိပါသည်...သူအလုပ်မှာပျက်ကွပ်မှုများနေပြီ...ဒီနေ့သီချင်းအသစ်အတွက်အသံသွင်းဖို့ရှိတာလဲသွားမသွင်းချေ...မအတွက်ဆိုဘာမဆိုရင်ဆိုင်ရဲသွားရလောက်တဲ့သတ္တိတွေဘယ်ဆီကများရလာခဲ့....

မ..အခန်းထဲသို့ဝင်လာပြီးအမso youngကိုဖုန်းခေါ်ရန်ပြင်လိုက်သည်....မီးဖိုချောင်နဲ့ဧည့်ခန်းကနီးနီးလေးမို့သူပြောတာတွေမကြားသွားမဇာစိုးသည်....သူ့ကြောင့်မကိုစိတ်မကောင်းမဖြစ်စေချင်ပါ...သူ့အတွက်နဲ့မိမိအလုပ်ပျက်ခဲ့ရတာသူသိလျှင်စိတ်ကောင်းမှာမဟုတ်...

KILL THIS LOVE (Complete)Where stories live. Discover now