Chapter 2(U+Z)

1K 118 2
                                    

Unicode

Masterpiece ပန်းချီပြခန်း

ထိုနေ့ဟာသဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးအတွက်ရန်ပုံငွေပန်းချီပြပွဲလေးဖြစ်တယ်..အမျိုးမျိုးသောသဘာဝကိုအသားပေးရေးဆွဲထားသောပန်းချီကားတွေနှင့်ထိုပန်းချီကားတွေအောက်မှာတော့ပန်းချီကား၏လေလံကြမ်းခင်းစျေး..ပန်းချီရေးဆွဲသူနာမည်ရှိရင်ရှိသလောက်ထိုကြမ်းခင်းစျေးကမြင့်မြင့်သွားသည်...ပြခန်းအတွင်းမှာတော့ပန်းချီပြပွဲလာပရိသတ်တွေနဲ့ပန်းချီဆရာတွေကတော့ပန်းချီကားရဲ့အဓိပ္ပါယ်ကိုမေးလာခဲ့ရင်ရှင်းပြလို့ရအောင်သူတို့ရေးဆွဲထားရာပန်းချီကားတွေအနီးမှာပေါ့....ဆွဲဆောင်မှုတစ်မျိုးစီရှိနေကြသောပန်းချီကားတွေကိုပိုအသက်ဝင်အောင်ဖွင့်ထားတဲ့ pianoသံစဥ်လေးကလည်းတငြိမ့်ငြိမ့်နှင့်...

နှင်းဆီပန်းတွေကိုအသားပေးရေးဆွဲထားသောပန်းချီကားလေးတစ်ချပ်..
ထိုပန်းချီကားလေးရှေ့ဝယ်အမျိုးသမီးတစ်ဦးရပ်နေသည်..hoddieကိုခေါင်းပါစွပ်ထားပြီးမျက်နှာတွင်လည်းmaskအမည်းကိုတပ်ထားသည်...
သူမမည်သူမှန်းတစ်ပါးသူများအားမသိစေချင်ပုံ
ကောင်းကင်ပြာအောက်ကနှင်းဆီပန်းခင်းကြီးကိုလှပစွာရေးဆွဲထားသောပန်းချီကားချပ်ကြီး၏ဆွဲဆောင်မှုကိုခံနေရသောသူ
Rosé..သူမကတော့Roséပင်..သဘာဝတရားအလှကိုသာရိုးရှင်းစွာဖော်ပြထားသောဤပန်းချီကားလေးသည်​သေသပ်လှသည်...ပန်းချီကားလေးကိုသူမကြည့်နေချိန်မှာပဲ...

"နှင်းဆီပန်းပန်းရောင်ဖျော့ဖျော့လေးတွေကနူးညံ့တဲ့အချစ်ကိုကိုယ်စားပြုတယ်လေ...ကောင်းကင်ပြာဆိုတာကအဆုံးအစမဲ့တဲ့...ဒီပန်းချီကားလေးကအဆုံးအစမဲ့တဲ့နူးညံတဲ့ချစ်ခြင်းတွေကိုကိုယ်စားပြုထားတာပေါ့"

သူမဘေးမှလာရပ်ကာပန်းချီကားရဲ့အဓိပ္ပါယ်ကိုရှင်းပြနေသောမိန်းမလှလေးကိုသူမငဲ့ကြည့်မိလိုက်သည်..မျက်လုံးလှလှလေးများကနူးညံ့ကာကြင်နာမှုပြည့်နေသည်...နှာတံ​စင်းစင်းနှင့်ပန်းချီကား၏အဓိပ္ပါယ်ကိုပြုံးကာပြောနေသောမထူမပါးနှုတ်ခမ်းလေးကကော့ညွတ်နေသည်...အထူးသဖြင့်သူမပြုံးလိုက်လျှင်ထိုနှုတ်ခမ်းလေးကအသည်းပုံ..ပုံစံလေးကော့ညွတ်သွားသည်...

KILL THIS LOVE (Complete)Where stories live. Discover now