Chapter 4 (U+Z)

863 92 0
                                    

Unicode

Jisoo..သူမတိုက်ခန်းကိုပြန်ရောက်တော့ညနေခြောက်နာရီခန့်သာရှိသေးသည်..ရှုပ်ထွေးနေသောစိတ်အစဥ်ကိုပြေစိမ့်သောငှာပန်းချီဆွဲရန်အခန်းထဲသို့ဝင်လာခဲ့သည်..သူမရဲ့အတွေးတွေမှာ​ေတာ့ဘာကြောင့်လဲ..အဘယ်ကြောင့်ဤသို့ခံစားချက်ဖြစ်နေရသလဲ...ဒါဟာအချစ်လား..ဟင့်အင်းမဖြစ်နိုင်ပါ...အချစ်ကိုသူမမယုံပါ
လိင်တူချင်းဆိုပိုတောငိမယုံပါ.....အတိတ်ကအရာတွေကြောင့်.....

ဖြူလွလွပိတ်ကားလေး၏ရှေ့တွင်သူမမတ်တပ်ရပ်​ေနသည်..လက်ထဲတွင်တော့ဆေးခွက်များကိုကိုင်ထားသည်...ဘာပုံဆွဲရမှန်းလဲသူမမသိပါ..ဒါ့ကြောင့်နှလုံးသားရဲ့အသံကိုနားထောင်ဖို့သူမဆုံးဖြတ်လိုက်သည်...ပန်းချီဆိုတာနှလုံးသားနှင့်ခံစားရသည့်အနုပညာမို့...သူမဆေးချက်များတစ်ချက်ပြီးတစ်ချက်ရေးခြစ်နေသည်..ပုံပေါ်လာသည်...မကြာမီသူမရဲ့ပန်းချီကား၏ရုပ်လုံးပေါ်လာသည်....ဝိုင်းစက်စက်မျက်လုံးလေးများစင်းနေသောနှာတံနှင့်နှင်းဆီးဖူးနှုတ်ခမ်းလေး....သူမရဲ့စိတ်အစဥ်သည်ထိုပန်းချီကားကြောင့်ပိုရှုပ်ထွေးသွားရသည်....

"ဘာတွေလဲဟာ..."
သူမဒေါသတွေနှင့်အတူလက်ထဲမှဆေးခွက်ကိုထိုပန်းချီကားပေါ်မှောက်ချလိုက်သည်...ပန်းချီကားတစ်ခုလုံးသည်ဆေးရောင်စုံတို့နှင့်ပျက်စီးလျှက်...

ပျက်စီးနေသောပန်းချီကားကိုကြည့်ရင်းသူမခြေလှမ်းများအားနောက်သို့တ​​ေ​ြဖးဖြေးဆုတ်လာခဲ့သည်...နံရံနှင့်ထိမိကာမှပန်းချီကားကိုကြည့်ရင်းပင်တဖြေးဖြေးထိုင်ချလိုက်သည်....
ဒါဟာသူမဘဝတွင်ပထမဦးဆုံးဖျက်ဆီးလိုက်သောပန်းချီကားပင်...

Roséဟူသောထိုမိန်းကလေးကိုမြင်တိုင်းသူမရင်​ေတွတလှပ်လှပ်နှင့်အတိုင်းအဆမဲ့..ထိုခံစားချက်များကိုဦးနှောက်ကငြင်းပယ်နေသော်လည်းနှလုံးသားမှသဘောကျနေသယောင်...

ထိုစဥ်..
"ကတောင်"
ဖုန်းမှmessageဝင်လာသောအသံကိုသူမကြားလိုက်ရသည်....​အိတ်ကပ်ထဲထည့်ထားသောဖုန်းကိုထုတ်ကာကြည့်မိလိုက်တော့..Rosé..

"တို့မနက်ဖြန်youနဲ့တွေ့လို့ရမလား..."

ထိုmessageကိုဖတ်ပြီးသူမခေတ္တစဥ်းစားလိုက်သည်..ပြီးမှ..တွေ့မည်..သူမအတည်ပြုရမည်..နှစ်ခါမျှသာတွေ့ဖူးပြီးအဘယ့်ကြောင့်ထိုသို့ဖြစ်နေသနည်း..မြင်မြင်ချင်းအချစ်ဆိုတာသူမမယုံပါ...ဟင့်အင်းအချစ်ဆိုတာကိုမယုံတာ...ခဲမှန်ဖူးတဲ့စာသူငယ်ဟာ...အထိနာခဲ့ဖူးတာ..မှတ်မိနေသလိုပင်...သူမဟာလည်းအထိနာခဲ့ဖူးသည်.....

KILL THIS LOVE (Complete)Where stories live. Discover now