Chapter 7(U+Z)

827 93 3
                                    

Unicode

ကောင်းကင်တစ်ခွင်ဟာတိမ်မည်းတို့ကြောင့်မှောင်ပိန်းနေသည်...တဖွဲဖွဲကျနေသောမိုးရေစက်တို့သည်လမ်းမကြီးတစ်လျှောက်ရွှဲရွှဲစိုလျှက်...ထိုလမ်းမကြီးပေါ်ဝယ်မိန်းမငယ်လေးတစ်ဦးမှာတော့အသိစိတ်လွတ်နေသူပမာ...ထီးမပါသော်ငြားမိုးရေထဲမပြေးနေ..အေးဆေးစွာပင်...မျက်ဝန်းတို့သည်အသက်မဲ့စွာပင်..တစ်ခါတစ်ရံအနောက်မှလာနေသောကား၏ဟွန်းတီးသံကိုပင်မကြား၍သူမအားပြောဆိုသွားသည်ကိုလည်းမသိဟန်....တရွေ့ရွေ့လှမ်းနေရင်းသာသူမနေရာတိုက်ခန်းသို့ရောက်လာခဲ့ရသည်....

သူမမသိခဲ့ပါ...ရွှေရောင်ဆံပင်နှင့်ကောက်မလေးတစ်ဦးသူမနောက်ကပါလာပြီးသူမအခန်းထဲဝင်သည်ထိကြည့်ပြီးမှပြန်သွားခဲ့တာကို...
.................. ................ ................ .............. ............... .........
နေရောင်ခြည်နွေးနွေးသည်မှန်များဖြင့်ကာရံထားသောနံရံပေါ်ဝယ်ဖြာကျနေသည်...မှန်များဖြင့်ကာထားသောကြောင့်နေပူဒဏ်ကမကျသေည်လည်း..နေရောင်ခြည်၏အနွေးဓာတ်ကအခန်းငယ်အတွင်းလွှမ်းခြုံနေသည်....ထိုမှန်နံရံမှတစ်ဆင့်အပြင်ဘက်သို့
ငေးကြည့်နေသောကောင်မလေးတစ်ဦး...
မျက်ဝန်းငယ်တို့သည်ငြိမ်သက်လျှက်အတွေးလွန်နေသ​ယောင်...
လက်ထဲမှကော်ဖီတို့သည်အေးစက်၍နေချေပြီ...

"Rosé"
သူမကိုခေါ်နေသည့်အသံကြောင့်အနောက်ဘက်သို့လှည့်ကြည့်လိုက်တော့..so young

"အမ..ဘာဖြစ်လို့လဲဟင်..ဒီနေ့holidayမို့လား."

"အင်းဟုတ်တယ်..ဒါပေမဲ့အမ..မင်းကိုမေးမလို့..ဒီရက်ပိုင်းမင်းမျက်နှာလည်းမကောင်းဘူးဘာဖြစ်လို့လဲRosé"

"ဒီလိုပါပဲ..ဘာမှမဟုတ်ပါဘူး...."

"အမကိုမညာစမ်းပါနဲ့..မင်းချစ်နေမိပြီမဟုတ်လား"

ချစ်နေမိပြီ..ဟုတ်လား..ဒီမေးခွန်းရဲ့အဖြေသူမတွင်မရှိပါ..သူမသိတာjisooကိုတွေ့ရင်ပျော်တယ်..ရင်ခုန်တယ်...သူပြုံးတာမြင်ရရင်ကိုယ်ပါအလိုလိုပြုံးနေမိတယ်..သူငိုတာမြင်ရတုန်းကဆိုရင်ဘက်တစ်ခုလုံးဆဲဲဖြဲခံရသလို.အောက့်တက်လာရသည်..ဒါဟာအချစ်လား..မဖြစ်နိုင်တာ..

"မင်းကိုအမတစ်ခုလောက်ပြောချင်တယ်...လူတွေဟာအချစ်ကိုတစ်နည်းမဟုတ်တစ်နည်းနဲ့တော့ထိတွေ့ရမှာပါပဲ..ဒါပေမဲ့မင်းရင်ခုန်သံကိုတော့မညာမိစေနဲ့...ခံစားချက်ဆိုတာတစ်ခါလေးညာမိတာနဲ့..တစ်သက်လုံးပြင်မရတဲ့နောင်တဖြစ်သွားနိုင်တယ်..အမပြောတာတွေမင်းနားလည်မှာပါ..အမသွားတော့မယ်.."

KILL THIS LOVE (Complete)Where stories live. Discover now