Chapter 17(U+Z)

792 86 14
                                    

At Universe Entertainment

Universe entertainment ရှေ့သို့မော်ဒယ်မျိုးစုံကာလာမျိုးစုံကားများတစ်စီးပြီးတစ်စီးဆိုက်ရောက်လျှက်ရှိသည်..ထိုကားများပေါ်မှဆင်းလာသူများငည်လက်ထဲတွင်ကင်မရာများနှင့်အခြားကိရိယာမျိုးစုံပိုလက်မအားကိုက်ဆောင်ကာuniverse entertainmentကြီး၏ခန်းမဆောက်တစ်ခုအတွင်းအလျှိုလျှိုဝင်နေကြသည်..ထိုသူများသည်မည်သူတွေဖြစ်လိမ့်မည်နည်း...mediaပေါင်းစုံမှသတင်းထောက်များသာ....အချို့ကလည်းဒီသတင်းစာရှင်းလင်းပွဲရဲ့အဓိကအရေးပါသူထွက်လာမဲ့အချိန်ကိုမျှော်လင့်နေကြသလို...အချို့ကလည်းတီးတိုးတီးတိးနှင့်သူတို့ထင်မြင်ချက်ကိုပြောဆိုနေကြသည်...ဒါဟာလည်းအဆန်းမဟုတ်...နည်းနည်းကိုများများပုရွတ်ဆိတ်ကိုဆင်ဖြစ်အောင်ရေးသည့်သတင်းလောကသားတို့၏အကျင့်များသာ..Roséကန့်လန့်ကာ၏နောက်ကွယ်ကနေထိုသတင်းထောက်များကိုကြည့်နေမိသည်..ဒီကာလတွင်သနင်းအတော်ရှားနေသည်ထင်၏...သူမသတင်းထွက်လို့သတင်းစာရှင်းလင်းပွဲလည်းလုပ်မယ်ဆိုရော..ပုရွတ်အုံထဲသကြားခဲကျသွားသလို..ဝိုင်းအုံကာနေတော့သည်..

"Rosé..အသင့်ပြင်ထားတော့...အမှားယွင်းမရှိအောင်သေချာလုပ်ပါ.."

အမso youngရဲ့အမှာစကားကိုသူမခေါင်းတသ်ချက်ငြိမ့်ပြလိုက်သည်...မိုးပြာရောင်ဂါဝန်တိုကိုသာရိုးရှင်းသွာဝတ်ထားသော်လည်းသူမရဲ့အလှသည်လျော့ကျမသွား..လည်တိုင်ကျော့ကျော့တွင်စိန်နှင့်ထွင်းထားတဲ့နှင်းဆီပန်းပုံလော့ကတ်ပါလည်ဆွဲတစ်ကုံးကိုသာဆင်မြန်းထားသောသူမသည်ဆွဲဆောင်မှုရှိရှိနှင့်မာနတစ်မျိုးကိုထင်ဟပ်နေစေသည်...ဒါဟာသူမရဲ့လူသားတွေနဲ့ဆက်ဆံတဲ့မျက်နှာ...ဒီထဲတွင်လူသားလေးတစ်ဦးတော့မပါပါ..သူမဟာသူ့နှလုံးသားရဲ့အိမ်ရှေ့စံမင်းသမီးလေး...ဘုရင်မအရိုက်အရာကိုဖြသ်နိုက်လျှင်အပ်နှင်းချင်ပါပြီ...

ကန့်လန့်ကာကိုဖွင့်ချလိုက်သည်နှင့်သူမသည်stageပေါ်မှာစမတ်ကျကျမတ်တပ်ရပ်နှင့်ပြီးဖြစ်သည်...တဖျပ်ဖျပ်လင်းလာသောကင်မရာများ...နှင့်တစ်ယောက်တစ်ယောက်တစ်ပေါက်မေးနေသောစကားသံတို့ကသူမကိုအတော်စိတ်ပျက်စေသည်..liveလွှင့်နေသည်ဖြစ်၍သာဟန်မပျက်ထိန်းထားရသည်...သူမမိုက်ခ်နားကိုလျှောက်သွား၍..

KILL THIS LOVE (Complete)Where stories live. Discover now