အင်းပေါ့ .... Top 10စာရင်း၀င် သူဌေးကြီးက
သူ့သားကိုတော့ ဒီတိုင်းပစ်ထားပါ့မလား ....

" သားနားမှာ လူဘယ်နှယောက် ချထားလဲ "

* ၉ယောက် *

" အတိအကျပြောပါ "

* ၂၅ ယောက် *

" နောက်ထပ် လူလိုချင်တယ် ... ပါးပါး "

* ဘယ်နှယောက်လဲသား *

" အကောင်းဆုံးတွေရှိသမျှလွှတ်ပေးပါ ....
ပြီးတော့ ဒီညကိစ္စကို အင်တာနက်ပေါ်
မရောက်စေချင်ဘူး ပါးပါး "

* Ok ... သားငယ်စိတ်တိုင်းကျ ဖြစ်စေရမယ် *

" သားကို ဘာမှမမေးတော့ဘူးလား ... ပါးပါး "

သူပြောတော့ ပါးပါးက ရယ်တယ် .....

ဟက်ဟက်ပက်ပက်မဟုတ်ပဲ
သဘောတကျလေးပဲ .......

* သားပြန်လာမှ အေးဆေးပြောပြပေါ့ ....
အခုတော့ သားရင်ထဲက အပူတွေကို
အရင်ငြှိမ်းလိုက်ပါဦး *

ပါးပါးပြောတော့ ရိ၀မ်ရှက်သွားသည်။

ပါးပါးကပဲ အကုန်သိနေတာလား ...

ဒါမှမဟုတ် သူ့လုပ်ရပ်တွေကပဲ
သိသာနေတာလား ........

* ပါးပါးလူတွေလွှတ်ပြီးပြီ ...
ဟိုသုံးယောက်ကို စိတ်ပူမနေနဲ့ *

" ဟုတ်ကဲ့ ပါးပါး .... ကျေးဇူးပါ "

* ok ... see you my son *

ပါးပါးကပြောပြီး ဖုန်းတန်းချသွားသည်။

ရိ၀မ်လည်း စိတ်က အဆင်မပြေသေးတာမို့
ကားကို သူ့နားနေအိမ်သို့သာ
ဦးတည်လိုက်သည်။

သူအနားယူဖို့ လိုအပ်နေသည်မလား .....

.

.

.

.

" ဖုန်းတွေ အကုန်ထုတ်စမ်း !! "

အနက်ရောင်၀တ်စုံနဲ့ လူတစ်စုရဲ့ ခေါင်းဆောင်ဖြစ်ဟန်တူ သူက
အမိန့်ပေးလိုက်တာကြောင့် ဟော့ပေါ့ဆိုင်
အတွင်းရှိ ဧည့်သည်တွေအကုန်
ကြောက်ကြောက်လန့်လန့်နဲ့ ဖုန်းတွေထုတ်ပေးရတော့သည်။

ဆိုင်တွင်လည်း Cctvတွေကို အကုန်ပိတ်ထားပြီး ဆိုင်တံခါးတွေပါ ပိတ်ထားရသည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now