ဒီပိန်းဥက ခံစားဖူးမှသိမှာ ....

ဒီလို ပိန်းပုံနဲ့ ဟိုတခါအကိုင်ခံလိုက်ရတာ နည်းသေးတယ်တောင် ဆိုရမလိုပင် .....

" ​bossကို မေ့ထားစမ်းပါ ဝေလင်းရာ ... "

" မင်းမခံစားဖူးဘူး ငပိုင် ....
အဲ့တော့ငါ့ခံစားချက်ကို နားလည်ပေးနိုင်မှာ မဟုတ်ဘူး "

" ဟမ် "

" မင်းသိလား .... ငါသဘောကျတဲ့သူ
ဂရုစိုက်တာခံရရင် ငါ့စိတ်ထဲမှာ အရာအားလုံးကို ပိုင်ဆိုင်လိုက်ရသလိုပဲ ......
သူ့အကြည့်၊ သူ့အပြုံး၊ သူ့အပြောတွေအားလုံးက ငါ့ကမ္ဘာမှာ အေးချမ်းခြင်းရေစင်ပဲ ........
အခုလို အဆက်အသွယ်မလုပ်ပဲ ပစ်ထားခံရတော့ ငါ့ကမ္ဘာပူလောင်နေတယ် ....
အရာအားလုံးခြောက်သွေ့ပြီး
တောမီးလောင်နေသလိုပဲ....
ငါကူကယ်ရာမဲ့နေတယ် ....
ငါလောင်မြိုက်ခံနေရတယ် .....
ငါပြေးစရာလမ်းရှာမတွေ့ဘူး
ငါ့မှာ ထွက်ပေါက်ရှာမတွေ့ဘူး မင်းသိလား "

စကားတတ်လွန်းတဲ့ ဝေလင်းက
ဆယ်တန်းမှာ မြန်မာစာ ၇၅မှတ်ထဲ
ရခဲ့တာကို ရှင်းသိပ်အံ့ဩမိသည်။

သူ့လင်လွမ်းကြောင်းဋီကာဖွင့်ခိုင်းရင်တော့
100 ++ဆိုပြီး ++တွေနဲ့ကို တန်းစီပြီး
ဂုဏ်ထူးထွက်မှာအသေချာ .....

ဒါပေမယ့် တကယ်မျက်ရည်ကျနေတဲ့
ဝေလင်းကို အနည်းငယ်သနား
သယောင်ယောင်ရှိတာမို့
အတွေးတွေနဲ့ဆန့်ကျင်စွာ
ပန်းနုရောင် ပါးပြင်ပေါ်က
မျက်ရည်စီးကြောင်းတွေအား
ညှင်ညှင်သာသာ သုတ်ပေးလိုက်မိသည်။

ထို့နောက် မေးဖျားနုနုအား ဆွဲမကာ
မျက်လုံးချင်းဆုံစေလိုက်သည်။

" ငါရှိတယ် ဝေလင်း ... ငါရှိတယ် .....
မင်းနားမှာ bossမရှိတောင် တစ်သက်လုံး
ငါက ရှိနေမှာ .... မငိိုနဲ့ "

" အဟင့် ငပိုင် အီး ... ဟီး "

မငိုပါနဲ့ဆိုကာမှ ပြဲလန်နေအောင်
အော်ငိုလာတဲ့ ဝေလင်းကြောင့်
ပြောမိတာ နောင်တရချင်သွားသည်။

ဒီပေါက်ကရကောင်ကို ဘယ်လိုစိတ်နဲ့များ
သူငယ်ချင်းတော်ခဲ့မိပါလိမ့် .....

" မငိုနဲ့တော့လို့ ဝေလင်းရာ ...
ခဏနေအပြင်သွားရမှာကို "

" အင်း .. ဟင့် မ... မငိုတော့ဘူး "

The Romance of Two Stars 🚨🚨🚨 ( Complete)Dove le storie prendono vita. Scoprilo ora