လွမ်းစရာကောင်းရအောင် ပတ်သက်တဲ့
တစ်ယောက်တစ်ယောက်လည်း
သူ့ဘ၀မှာမရှိဖူး မဟုတ်လား ......

" ဟင့်အင်း ..... မင်းရော "

" ချင်ကော .... ငါချင်ကောကို သိပ်လွမ်းတယ် "

မူပင်မမူနိုင်ပဲ ဒဲ့တိုးကြီးဖြေချလာသော
ဝေလင်းကြောင့် နရင်းပင်ပြေး
ရိုက်ချင်သွားသည်။

သို့သော် မှေးကျဥ်းကျဥ်းမျက်၀န်းအိမ်ထဲက
အရည်ကြည်တွေကြောင့် စိတ်လျှော့လိုက်သည်။

တကယ်ကြီး လင်ပူမိနေတာပဲ .....

" အဟမ်း ... လာ .... လာမှာပါ bossက "

အမြဲသတ်နေကြသူငယ်ချင်းကို နှစ်သိမ့်ဖို့က
ရှင်းအတွက် အနည်းငယ် ခက်ခဲစေသည်။

အမှန်အကန်ကြီးဆွေးနေတာမို့
တွံ့တေးသိန်းတန်ရဲ့ ခေါင်းလောင်းသံ
တညံညံသာ ဖွင့်ပေးချင်မိသည်။

ဒါဆို ထငိုမလား မပြောတတ် ......

" သူငါ့ကို ကစားတာထင်တယ်နော် ... ငပိုင် "

" ဟင် ... မဟုတ်လောက်ပါဘူး "

Bossကို အကဲမခတ်တတ်ပေမယ့်
သူ့သူငယ်ချင်း ၀မ်းမနည်းစေဖို့ အဓိကလေ။

ဝေလင်းက သူ့ကုတင်ပေါ်ကနေ
ရှင်းကုတင်ပေါ်သို့ ပြောင်းထိုင်သည်။

အခန်းဖော်တွေက
အပြင်သွားမှာသွားစုနေကြပြီမို့
သူတို့နှစ်ဦးတည်းသာ ကျန်ခဲ့သည်။

" ငါတို့က သူတို့ဘာသာစကားကို
သိပ်နားမလည်သလို သူတို့စိတ်တွေကိုလည်း
မမှန်းဆတတ်ဘူးလေ ....
ငါ့အထင် သူငါ့ကိုကစားတာနေမှာ ...... "

ကစားတာဆိုတော့ bossနဲ့ဝေလင်းက
ချစ်သူတွေများဖြစ်သွားကြပြီလား ....

" မင်းနဲ့ Bossက ချစ်သူတွေဖြစ်ကုန်ကြပြီလား ...
မြန်လိုက်တာ ငါတောင်မသိလိုက်ဘူး "

" မဖြစ်သေးပါဘူး မင်းကလဲ "

" ဒါဆို မင်းက ဘာလို့ ကစားတယ်ထင်နေတာလဲ ...
မင်းနဲ့ချစ်သူတွေမှမဟုတ်တာ ....
သူလုပ်ချင်တာလုပ်မှာပေါ့ "

ဆက်ရှင်းပြလို့လည်း ဒီပိန်းဥနားလည်မှာ မဟုတ်မှန်း ဝေလင်းသဘောပေါက်သွားသည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Tempat cerita menjadi hidup. Temukan sekarang