My son or boyfriend 13

Start from the beginning
                                    

"မနွေး!!"
"အင်း ကြယ်စင် ပြန်တော့မှာလား"

ကျောင်းဆေးပေးခန်းရှေ့တွင် မနွေးကိုတွေ့သောကြောင့် ကြယ်စင်ရွှန်းလဲ့ နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။

"ဟုတ်..."
"တစ်ယောက်ထဲလား လပြည့်ကော" အမြဲတမ်း တပူးပူးနေကြသော သူငယ်ချင်းတွေဖြစ်တာကြောင့် နွေးသစ္စာ မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်...သူဒီနေ့ကျောင်းမလာဘူး။"
"နေမကောင်းလို့လား"

"ဟင့်အင်း...သူ့ကိုကို ခေါင်းကွဲတာ ပြုစုနေရလို့တဲ့"
"သူ့ကိုကို?" မသိသေးသော နွေးသစ္စာကြောင့် ကြယ်စင်အများကြီးတော့မပြောချင်တာနဲ့...

"ဟုတ်တယ် သူ့အစ်ကိုဝမ်းကွဲလေ.... မတော်တဆဖြစ်လို့"
"သြော်...." ခေါင်းတငြိမ့်ငြိမ့် နဲ့ နွေးသစ္စာပုံစံမှာ တစ်ခုခုစဥ်းစားနေပုံပင်။ ထက်မေးမှာဆိုးသောကြောင့် ကြယ်စင်လဲ ထိုနေရာကနေ အမြန်လှစ်ထွက်ရတော့မည်။

"ကြယ်စင် သွားပြီနော်...တာ့တာ"
"အင်း အင်း ဂရုစိုက်"

ကြယ်စင်သွားတော့မှ နွေးသစ္စာ ဖုန်းကိုထုတ်လိုက်ပြီး နံပါတ်တစ်ခုကိုခေါ်လိုက်ကာ...
"အင်း မနွေး ပြောစရာရှိလို့"
_________

ခေါင်းမှာ ပတ်တီးအဖွေးသားနဲ့ ကုတင်ပေါ်တွင် ကျောမှီပြီး Laptop တစ်လုံးနဲ့ အလုပ်ရှုပ်နေသော ဇေရဲမာန်........

ဆိုဖာပေါ်တွင် ငုတ်တုတ်ထိုင်ပြီး မုန့်တွေတစ်ခုပြီးတစ်ခု ဖောက်စားနေရင်း ပါးစပ်က ပွစိပွစိပြောနေသော လပြည့်ဝန်း.....

အခန်းထဲတွင် အလွန်တိတ်ဆိတ်နေပင်မဲ့ အပြင်ဘက်တွင်တော့ မိုးအသည်းအမဲ ရွာသွန်းတော့မလိုလို ကောင်းကင်ယံကြီးတစ်ခုလုံးမှာ မဲမှောင်လျက်....

အလုပ်လုပ်နေရင်း တကြွပ်ကြွပ်အသံကြောင့် ဇေရဲမာန် မျက်လုံးပင့်ကြည့်လိုက်သည်။ မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်နေကာ အားလူးကြော်ကို အားရပါးရစားနေသူကြောင့် ပြုံးမိသွားသေး...

"တော်ပြီ မစားနဲ့တော့ ခဏနေထမင်းစားရတော့မယ်"
". ......" စကားပြန်မလာ သူ့မုန်သာ သူအာရုံစိုက်စားနေသည်။ ပါးစပ်ကလဲ ပွစိပွစိ....

My Son Or Boyfriend (Complete)Where stories live. Discover now