ဘေးကုတင်က သူငယ်ချင်းအချို့ကို ပြုံးပြရင်း အိပ်ဖို့ပြင်လိုက်သည်။

သူ့ညာဘက်ကုတင်ကတော့ လွတ်နေဆဲ .....

ဝေလင်းတစ်ယောက် လေပန်းနေပြီထင်ပ ...

အိပ်ယာထက်မှာလှဲလျောင်းလိုက်တော့ အကြောအခြင်တွေကပြေသွားသလိုပင်....

မျက်လုံးကိုအသာမှိတ်မိတော့ ပေါ်လာတာက
ကျန်းရိ၀မ်ဆိုသော လူကြီး ......

​ချောမောသလောက် ကြောက်စရာကောင်းလိုက်တာ ......

အပြောကလည်းဆိုးသေး ..........

တကယ်ဆိုသူ့လို ချစ်စရာကောင်လေးကို
သနားသောအားဖြင့် ကူညီရမှာကို
အားကြီးနဲ့ အော်တယ် .......

အကျင့်မကောင်းတဲ့ လူကြီး ......

ဒါနဲ့များသူ့ကို ကြိုက်တဲ့သူတွေရှိတာ
အံ့သြပ ......

ရှေ့လျှောက်အဲ့လူကြီးနဲ့ ဘယ်လို နှစ်ပါးသွားရမလဲမသိ .......

သူ့ကိုမြင်တိုင်း စိတ်ထဲကြောက်နေမိတာကလည်း အဆင်ပြေမည်မထင်ပါ ....

Secret mentorက Bossဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ ......

ဒါဆို ဝေလင်းလည်း ကြိတ်လွမ်းနေစရာ
မလိုတော့ဘူးလေ  ....

ခုတော့ ....... ဟူးးး

" ငပိုင်လေးရေ ..... ငပိုင်လေး "

ဟော .... လာပါပြီ ....
တွေးလို့မှမဆုံးသေး သူများအိပ်ခါနီးမှ
ဘာတွေနှောင့်ယှက်ဦးမလဲမသိ .....

" ငပိုင် .... "

" ဖြည်းဖြည်းခေါ်ပါ ...
သူများတွေအိပ်နေကုန်ပြီ အားနာစရာကြီး "

" အံမယ် ... သူကျတော့ ငါခေါ်တာကြားတာကျနေတာပဲ "

ဝေလင်းက နှုတ်ခမ်းကိုမဲ့ကာ သူ့ကုတင်ပေါ်၀င်ထိုင်သည်။

လက်ထဲမှာလည်း အထုပ်တွေနှင့် ......

" ကြားပါတယ်ကွ "

" ကြားရင်ထူးရမှာပေါ့ .... ပြောစမ်း
ငါ့ငပိုင်လေး ဘယ်သူ့အကြောင်းတွေးနေတာတုန်း "

" Bossအကြောင်း ... "

" ဘာ ..... "

ဝေလင်းက ငါးရံ့ပြာလူးသလို ဖြတ်ဖြတ်လူးသွား၏။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now