" ဟမ် ... "

မြန်မာလိုပြောလိုက်တာမို့ လုံချင်က
နားမလည်ပေမယ့် ဝေလင်းက
မျက်စောင်းခဲနေပြီ။

" ချင်ကောလည်း ဂရုစိုက်တဲ့ ... ဟီး "

" သောက်တလွဲ "

" ငပိုင် ... "

" ဘာတုန်း ... "

တလွဲမို့တလွဲပြောတာကို လာအော်နေတယ်...

ရှင်းပဲလေ ခံစရာလား ပြန်အော်ပစ်တာပေါ့ ....

" ကဲ ... ၀င်ကြတော့ Staffတွေရောက်နေပြီ "

" ဟွန့် .... "

ရှင်းက နှာတစ်ချက်မှုတ်ကာ
ရှေ့က ၀င်သွား၏ယ

ဝေလင်းလည်း လုံချင်ကိုလှလှပပပြုံးပြခဲ့ပြီး ရှင်းနောက်က လိုက်၀င်သွား​လေသည်။

အထဲရောက်တော့ နံပါတ်ကဒ်လေးတွေ
ကိုင်ကာ ကိုယ့်ခုံနဲ့ကိုယ်ထိုင်ရသည်။

အယောက်၁၀၀သာ စစ်ထုတ်မယ့်ပွဲမို့ Mentorတွေနဲ့တော့ မတွေ့ရသေး.....

ရိုက်ကူးရေးစမည့်နေ့မှ Mentorတွေနဲ့
တွေ့ကြရမည်ဟု သိရသည်။

တွေ့လည်း သူတို့သိသူတော့
တစ်ယောက်မှ မရှိ ....

ကိုရီးယားဆိုလျှင်သာ idolတွေကို
သေချာသိပေမယ့် တရုတ်ကအနုပညာရှင်တွေကိုတော့ ဂူးဂူးကလွဲပြီး သိပ်မသိကြပါ။

Audition စတော့ ရှင်းနဲ့ဝေလင်း
နှစ်ယောက်လုံး ကုမ္ပဏီကရွေးပေးတဲ့
Alec Benjimin ရဲ့ Let me down slowly သီချင်းနဲ့ယှဥ်ပြိုင်ကြသည်။

Ent; တစ်ခုထဲရဲ့လက်အောက်ကမို့
နှစ်ယောက်အတူ ၂ မိနစ်စာ ဆိုရသည်။

ရွေးချယ်မည့် Staffတွေရှေ့ နှစ်ယောက်သား စုံရပ်လိုက်သည်။

အထက်အောက်အဖြူလေးတွေ၀တ်ထားသော ဖြူသေးသေးချစ်စရာပေါက်စလေး
နှစ်ယောက်ကြောင့် Staffတွေလည်း
သဘောကျနေကြ၏။

နှစ်ယောက်သားမိတ်ဆက်၍အပြီးမှာ
ဝေလင်းက lead vocal အနေနှင့်
စ ဆိုသည်။

' This night is cold in the kingdom ...... '

" ၀ိုး .... နားထောင်လို့ကောင်းလိုက်တာ "

" ၀ိုး .... "

ပထမဆုံးအသံနဲ့တင် ဖမ်းစားသွားနိုင်သော ဝေလင်းရယ်ပါ .......

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now