My son or boyfriend 10

Start from the beginning
                                    

"ဒါနဲ့ ငါလဲ ငါ့ဘက်မှာ သတ်သေမရှိလို့ သူ့ကိုဖမ်းမရဘူး... နောက်တော့ အဲ့လမ်းထိပ်က mini shop မှာ ငါမုန့်ဝင်ဝယ်သလို လုပ်နေတာ သူကလဲ ငါ့နောက်ကဆက်လိုက်တုန်း...ဦးထုပ်ကော Mask ရောတပ်ထားတော့ ငါလဲ သဲသဲကွဲကွဲမသိဘူး...

နောက်တော့ ငါ phဆက်သလိုလိုနဲ့ ဒီည အခင်းဖြစ်တဲ့ဆီမှာပဲ ကင်းစောင့်ကြလို့ သူကြားအောင် ပြောနေလိုက်တာ...ဒါနဲ့ သူက ထွက်သွားရော...ဒီတော့ ငါ့အလှည့်ပြန်ရောက်လာပြီလေ။ ငါသူ့အနောက် ပြန်လိုက်ရတော့တာပေါ့...

ဒါနဲ့ပဲ သူချောင်းနေတဲ့ နောက်တစ်အိမ်ကို ငါတွေ့တာပဲ...ဒါကြောင့် မင်းတို့ကို phဆက်ပြီး ထွက်လာခိုင်းတာ..နောက်တော့ သူအိမ်ထဲဝင်နေတုန်း ငါချောင်းပြီး ဖမ်းတယ်...အဲ့မှာမိရော ဟားးး"

ထူးစစ်သော် ပုံစံမှာ အတော်ပျော်နေသည်။ မှန်လဲမှန်တာပဲ ထက်ပိုင်တို့အဖွဲ့ရောက်လာသော တရားခံက ရဲမှူး လက်ထဲတောင် ရောက်နေပြီလေ....

"ဒါကြောင့်ပြောတာပေါ့ ကျွန်တော့်ဆရာ ရဲမှူးက တော်ပါတယ်လို့.. "  နှစ်ယောက်သား ခွက်ချင်းတိုက်ကာ ဂုဏ်ယူနေကြသည်။ သူတို့မသိလိုက်တာက​ တစ်ဘက်ဝိုင်းတွင် သူတို့ကို စောင့်ကြည့်နေသောသူပင်....

"ဟက်...Bossက စောင့်ကြည့်ပါ ဆိုလို့သာ စောင့်ကြည့်နေတာ ဒီတစ်ယောက်က ရဲမှူးသာပြောတာ ကလေးသာသာပင်။" ဥက္ကာမှာ တီးတိုးပြောရင်းရယ်မိပြန်သည်။
______________

"ဟဲ့...ငါအဆင်ပြေလား" စင်ပေါ်တတ်ခါနီး လပြည့်ဝန်း မှာ အတော်ရင်တုန်နေသည်။
"ပြေပါတယ်ဆိုဟာ..သေချာတယ် နင် ငါတို့ Majorရဲ့ King ဖြစ်မှာ"

ကြယ်စင့်ဘက်က ဘယ်လောက်ပဲပြောပြော လပြည့်ဝန်း ရင်တုန်နေတာ ပျောက်မသွားသေး။

စင်ပေါ်က MCမှာလဲ တစ်ယောက်ပြီး တစ်ယောက်နဲ့ မိတ်ဆက်နေတုန်း
"ကဲ...ဒါဆိုရင် နောက်ဆုံးကျန်ရှိနေတဲ့ Kingလေးနဲ့ မိတ်ဆက်ပေးပါ့မယ်...ခါးနံပါတ် ၉ ..."

MC ရဲ့ဖိတ်ခေါ်သံကြောင့် လပြည့်ဝန်း စင်ပေါ်တတ်သွားသည်။ Shirtအင်္ကျီအဖြူကို ရင်စိထိ ကြယ်သီးတတ်ထား ပြီး အနက်ရောင်​​ယောပုဆိုးလေး တွဲဖက်ဝတ်ဆင်ထားသော လပြည့်ဝန်း... ခြေထောက်တွင်လဲ အနက်ရောင် ကတ္တီပါနဲ့ သူ၏ဖြူဖွေးသော ခြေချောင်းလေးတွေက လိုက်ဖက်ပြန်လေသည်။

My Son Or Boyfriend (Complete)Where stories live. Discover now