"ရွှမ်ကွေ့မှာမှာ ဒီအိမ်မှာရှိသမျှ အခန်းတွေကို ဖွင့်ကြည့်ဖို့အခွင့်အရေးရှိတယ်၊ တကယ်လို့ အခန်းတစ်ခုဖွင့်ကြည့်စရာရှိရင် သူ့က်ိုမေးလိုက်။ အင်း ... ပြီးတော့ ကားသော့တွေဘယ်နားထားလဲ ဆိုတာရောပဲ သူသိတယ်၊ မင်းကားမောင်းလိုင်စင်ရပြီးပြီလား"

ထုန်ရန့်ကခေါင်းညိတ်လိုက်သည်။

"ကျွန်တော့မှာ လိုင်စင်တော့ရှိတယ် ဒါပေမဲ့ တစ်ခါမှတော့ အပြင်မှာမမောင်းရသေးဘူး"

ကျိုးရှန့်မင် : " အဆင်ပြေပါတယ်၊ ကျောင်းတွေပြန်ဖွင့်ရင် ထုန်ရန့်ကိုကိုယ်လိုက်ပို့ပေးမယ်လေ"

ထုန်ရန့်က သူ့ခေါင်းကို ကျိုးရှန့်မင်ရှိရာဘက်သို့ အနည်းငယ်စောင်းလိုက်သည်။ တစ်ခဏမျှအကြာတွင် သူ၏ဖြူဖျော့သော မျက်နှက်ထက်တွင် ချွေးစို့လာခဲ့သည်။ သူ့မျက်လုံးများမှာလည်း မျက်တောင်ရှည်များ၏ တိတိပပ ပိတ်ဆို့ထားခြင်းကိုခံထားလျက်။

ကျိုးရှန့်မင် ခက်မြန်မြန်ပင် ဘာကမှားနေသလဲဆိုတာ သိသွားသည်။ သူချက်ချင်းပင် သူ့လက်ကိုပြန်ရုတ်လိုက်ပြီး သူ့ pheromone များကို ချိုးနှိမ်ရင်းဖြင့်ခန္ဓာကိုယ်ကို နောက်ဘက်သို့ အနည်းငယ်ရွှေ့လိုက်သည်။

"ဆောရီး ..."

ထုန်ရန့်လည်း ထလိုက်ပြီး အဝေးသို့ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် သူ၏ခြေထောက်များမှာ ကောင်းကောင်းပင်မရပ်နိုင်သောကြောင့် စားပွဲခုံခြေထောက်နှင့် ခလုတ်တိုက်မိကာ ချော်လဲတော့သည်။

"သတိထားလေ"

ကျိုးရှန့်မင်က သူချော်လဲပြီး စားပွဲနဲ့မတိုက်မိခင် အမြန်ရှေ့တိုးကာ လက်တစ်ဖက်ကသူ၏ကျောအောက်ပိုင်း နောက်တစ်ဖက်က ပုခုံးပေါ်တွင်ထားလျက် ထုန်ရန့်ကို ထိန်းထားပေးလိုက်၏။

"ဆောရိီး"

သူလက်ကိုလွှတ်ပေးလိုက်ပြီးနောက်တစ်ခါပြောလိုက်သည်။

ထုန်ရန့်ကမူ မီးဖိုချောင်အပေါက်ဝထိတိုင်အောင် ရောက်နေပြီဖြစ်သည်။ စဉ်းစားကြည့်လျှင် ဤသို့ဖြစ်ရသည်မှာ ကျိုးရှန့်မင်၏ ပေါ့ဆမှုကြောင့် ဖြစ်သော်လည်း သူကဘာလို့ ကျိုးရှန့်မင်ထက် ပိုဆိုးနေသလိုခံစားနေရသည်လဲ။

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Onde histórias criam vida. Descubra agora