My son or boyfriend 4

Start from the beginning
                                    

မှောင်ရိပ်လောက်မှာ ကျောခိုင်းကာ မတ်တပ်ရပ်နေသော လွန်းထက်သာကိုတွေ့တော့ လပြည့်မှာ...
"အစ်ကိုလွန်းထက်သာ... ဒီကိုဘယ်လိုသိပြီး ရောက်လာပြန်တာတုန်း"

"ကို ကောင်လေးကို ပြောစရာရှိလို့" လွန်းထက်သာ ပုံစံမှာ အရေးကြီးပုံပေါက်နေသည်။

"အဲ့တာနောက်မှပြောပါလား။ ဟိုမှာ ကြယ်စင့်ကိုလဲ အားနာစရာကြီး" လူအရိပ်အခြေကြည့်နေသော ကြယ်စင်ကို ထိုးပြကာ ပြောလိုက်သော လပြည့်ဝန်း...

"တောင်းပန်ပါတယ် ကို့မှာ ရွေးချယ်စရာမရှိလို့...ကို...ကောင်လေးကို ချစ်တယ်"
"ဗျာ!!" လပြည့်ဝန်း မှာ အခုအခြေအနေကို နားလည်ရန် ဦးနှောက်ကို အမြန်အလုပ်ပေးနေရသည်။

"ဟုတ်တယ်..ကောင်လေး ကို...ကို ကောင်လေးကိုချစ်တယ်...ကို...အရေးကြီးကိစ္စနဲ့ နိုင်ငံခြားကို မနက်ဖြန်သွားရမယ်။ ဘယ်လောက်ကြာမယ်မှန်းလဲ ကို မသိဘူး။ ကို့ မိသားစုရဲ့ နိုင်ငံခြားက ရုံးခွဲကို စီမံပေးရမှာ ဟိုမှာ ပြဿနာ အရမ်းကြီးတယ်...

ဒါကြောင့် ကောင်လေးကို ကို ခုလာဖွင့်ပြောတာ...ကိုလေ ကောင်လေးကို အခြားသူရသွားမှာ မလိုလားဘူး။ ဒါကြောင့် ကို ခုလာဖွင့်ပြောရတာ"

လပြည့်ဝန်း မှာ လွန်းထက်သာ ကို ကြည့်ပြီး ဘာပြောရမှန်းတောင်မသိ...မိမိတို့ခင်ခဲ့တာ ၂နှစ်...ဟုတ်တယ်...မိမိ၉တန်းထဲက ခင်ခဲ့တာ ခုဆို မိမိက ၁၀တန်းဖြေပြီးသွားပြီလေ....

ဒီကြားထဲ သူ့ရဲ့ စိတ်အခြေအနေကို ကြယ်စင်က အကဲခတ်မိပြီး ပြောပြဖူးပင်မဲ့ ဒီလောက်ကြီး မှန်လိမ့်မယ်လို့ တစ်ခါမှမတွေးဖူးဘူး။

"ဒါပင်မဲ့ အစ်ကိုလွန်းထက်သာ က ယောက်ျားလေး။ ကျွန်တော်လဲ ယောက်ျားလေးလေ"
"ဟုတ်ပါတယ်...ကိုလဲ အကြိမ်ကြိမ် စဥ်းစားခဲ့တယ်။ ခတ်တာက ဘယ်လောက်စဥ်းစားစဥ်းစား ကောင်လေးကို ချစ်နေမိပြီ ဆိုတဲ့ အဖြေပဲ ထွက်လာတယ်"

လပြည့်ဝန်း မှာ fujoshi သူငယ်ချင်းမလေး ရှိတာကြောင့် ဒါတွေကို နားလည်ပင်မဲ့ မိမိကိုယ်တိုင် ကြုံရလိမ့်မယ်လို့ မတွေးဖူးဘူး။

"ချက်ချင်းကြီး အဖြေပေးဖို့ကျ ကျွန်တော် မပြောတတ်ဘူး။"

My Son Or Boyfriend (Complete)Where stories live. Discover now