ရှင်းစိတ်ထဲ ဒီမှာအမြဲ
ခေါင်းငုံ့သွားကြရတာလားဟုတွေးမိသွားသည်။

ဘာပဲဖြစ်ဖြစ်လေ သူတို့အလှည့်ကျလည်း
ငုံ့သင့်ရင်တော့ ငုံ့ရမှာပေါ့လေ .......

" အ့ .... "

အငေးလွန်နေရာကနေ ဝေလင်းအသံကြောင့် လှည့်ကြည့်မိတော့ သကောင့်သားခန္ဓာကိုယ်က အနှီကျိုးလုံချင် လက်ထဲမှာ ........

ဘာလဲဟ ..... ဒီလောက်အရှင်းကြီးကို
ဘာနဲ့ခလုတ်တိုက်လိုက်တာတုန်း ......

အခုချိန်ထိ အကြည်စိုက်နေသော နှစ်ယောက်ကိုကြည့်မရစွာ ဝေလင်းလက်ကို ဆွဲယူလျှက် ကိုယ့်ဘက်ဆွဲခေါ်လိုက်သည်။

" ငါသိတယ်နော် ...... "

အနားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်တော့
ဝေလင်းမျက်နှာနုနုက ခရမ်းချဥ်သီးပမာ
ရဲသွား၏။

" ဘာ .... ဘာလဲ "

" ဟဲ .... ဟဲ မင်းမျက်နှာကြီး နီလာပြီနော် "

စပ်ဖြီးဖြီးနဲ့စလိုက်တော့ ဂွက်ခနဲ ခေါင်းခေါက်ခံလိုက်ရသည်။

" မင်း .... မင်း ငါ့ကိုခေါက်တယ် "

" အား .... ငပိုင် နာတယ် "

နာသွားတဲ့ ထိပ်ကိုပွတ်ကာ
မျက်ရည်အဝဲသားနဲ့ ဝေလင်းဆံပင်ကို
ဆောင့်ဆွဲပစ်လိုက်တော့
ဝေလင်းအသံက စူးကနဲထွက်လာသည်။

" နာရင် သေ ... ခွေးကောင် "

ဆဲလည်းဆဲ ဝေလင်းခေါင်းက
ဆံပင်ကိုလည်း မလွှတ်ပဲ ဆွဲထားသည်။

" ငပိုင် ... လွှတ်လို့ ..... ငါနာတယ်လို့ .... "

ဝေလင်းက မျက်ရည်တွေနဲ့
ကုန်းအော်တော့သည်။

ထိုဖြစ်ရပ်ကိုကြည့်ပြီး လုံချင်မှာ ကြောင်အ,နေလျက် .....

တင်း ~~~ တင်း ~~~ တင်း ~~~~

ခဏအတွင်းမှာ လုံခြုံရေးမီးများ
အချက်ပြလာသောကြောင့် သူတို့အနား Security တွေ ၀ိုင်းလာခဲ့သည်။

" ဘာ ... ဘာဖြစ်တာလဲ မသိဘူး "

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း မတိုင်ပင်ပါပဲ လုံချင်အနောက်ကို ရောက်သွားကြ၏။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now