အဲလိုမျိုး သံသရာလည်ပြီးနောက်
မှာ​တော့ သူမ ကွန်ပျူတာရှေ့မှာ
ထိုင်လိုက်ပြီး online game
​တွေကို ​ဆော့တော့တယ်။

သူမရဲ့ Male Id ​ကောင်းမှုနဲ့ အတူ
ထန်းရှောင် ဂိမ်းထဲ ဝင်​သွားပြီဆို
တာနဲ့ တွေ့တဲ့ မိန်းကလေးမှန်
သမျှကို လိုက်ပြီး ဖွန်​ကြောင်
တာ့တယ်။
သူတို့တွေ ​ကြောက်လန့်ပြီး ထွက်ပြေးသွားတဲ့ အထိတောင်
လက်မလျှော့ဘဲ ​နေ့တိုင်းလိုက်
ကြောင်တယ်။ နေ့တိုင်းလည်း
​အထီးမှန်​သမျှကို လိုက်သတ်
တယ်။ ပြီးတာနဲ့ အကုန်လုံးကို
လည်း လိုက်အနိုင်ကျင့်တော့
တယ်။

အဲလိုမျိုး သူမဂိမ်းထဲမှာ
​ပေါက်တတ်ကရ အရှုပ်ထုတ်တွေ
လိုက်လုပ်​တိုင်း စုမူကျိဆို တဲ့
Female Id နဲ့ တစ်ယောက်က
သူမကို သမပြီး အသိစိတ်ပြန်
ဝင်လာ​အောင် လုပ်လေ့ရှိတယ်။

အဲ့လို ခံစားချက်မျိုး က
ဘယ်လိုပြောရမလဲ...
တစ်ယောက်ယောက် က
အမျိုးသားကောင်း ​ယောက်ျား
တစ်ယောက် ရဲ့ မိသားစုအမွေ
အနှစ် ရတနာလေး ကို ကန်ထည့်
ပြီး အာရုံပြန်ကပ်လာအောင်
လုပ်လိုက်သလိုမျိုး....။

ဒီလို အကြောင်းတွေကြောင့် ပဲ
Male Id ကို ယူပြီး ​ဆော့နေတဲ့
မိန်းကလေး နဲ့ Female ID ကို
ယူပြီး ​ဆော့တဲ့ ​ယောက်ျားလေး
တစ်ယောက်ကြား က လက်ထပ်ပွဲ
ုဖြစ်တည်လာဖို့ အစပျိုးလာပါ
​တော့တယ်။

တစ်ချိန်တည်းမှာ ပဲ ထန်းရှောင်
က သူမရဲ့အသည်းကျော် အိုင်ဒေါ
နဲ့ ပတ်သက်တဲ့ အရာမှန်သမျှ
ကို လုံးဝမလပ်ဟင်းစေရဘူး။
နှမြောဖို့​ကောင်းတာက
ထို သူမရဲ့ကမာ္ဘကြီး နဲ့ သူမက
2Dလောကထဲ မှာ အရင်းနှီးဆုံး
တွဲဖက်တွေ ဖြစ်နေကြတယ်
ဆိုတာ ကို သူမ လုံးဝမသိခဲ့ဘူး
ဆိုတာ​ပေါ့။

ဒီဝတ္ထုလေးမှာတော့ MC
ထန်းရှောင်ရဲ့ ရှက်ကြောပြတ်ပြီး
အရည်​ထူတဲ့ ပုံစံနဲ့ အတူ
သူမရဲ့အိုင်ဒေါ ကို ဂိမ်းထဲမှာ
သူမရဲ့Male character ကို လက်ထပ်ဖို့ရာ အတွက် ဘယ်လို
မျိုး မျက်နှာပြောင်တိုက်ပြီး
အရှက်​မရှိ ဆွဲဆောင်မလဲ
ဆိုတာကို ​တွေ့ရမှာပါ။

သေချာတာတစ်ခု ကတော့
သူမက သူ့နဲ့အတူ အိပ်ချင်တယ်
လို့ ပြောလိုက်တဲ့ အချိန်တိုင်း
သူမမှာ သနားစရာကောင်းစွာ နဲ့
အသတ်ခံ လိုက်ရတယ်လို့!

**************************

(MM Translator note)

Ive ဒီဝတ္ထု​လေး ကို ပထမဆုံး
စဖတ်​ကြည့်​တော့
အရမ်းကို ချစ်​ဖို့​ကောင်းပြီး
ရယ်​ရလို့ ဘာသာပြန်​ကြည့်ဖို့
ဆုံးဖြတ်​လိုက်​တာပါ။
EnglishTran က​နေ တစ်​ဆင့်
MM sub ကို tranရတာမို့
တချို့​နေရာ​လေး​တွေမှာ
original sub နဲ့
အနည်းငယ်​ ကွဲလွဲမှုရှိနိုင်​ပြီး
Iveရဲ့ကိုယ်​ပိုင်​ အ​ရေးအသား နဲ့
ကိုးကားမှု​တွေကို Readers​တွေ
အ​နှောင့်အယှက်​ မဖြစ်​​စေဖို့​
​မျှော်​လင့်ပါတယ်​။

***************************

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now