ရန်နန်ကျုး : "နတ်ဆိုးဂိုဏ်းရဲ့ဆက်ခံခွင့်တံဆိပ်ပြားကိုထုတ်ပေး၊ ငါ မင်းအသက်ကိုချမ်းသာပေးမယ်။"

ပြီးတော့ အော်ဟစ်နေကြတဲ့သိုင်းပညာရှင်အုပ်စုကြီး။

"ခေါင်းဆောင်၊ ဘာပဲဖြစ်ဖြစ် ခေါင်းဆောင် အဲ့စုန်းမရဲ့ပြုစားမှုမှာ ကျရှုံးသွားလို့မရဘူးနော်။ ဒီစုန်းမက သူ့အပြစ်တွေအတွက် အကြိမ်တစ်ထောင်သေသင့်တယ်။"

နဉ်ရှု : ငါလေး အရမ်းတွေကြောက်နေပါပြီနော် →_→

အခု ဘာလုပ်ရမလဲ?

"မမလေး၊ ကျွန်မတို့ မမလေးကိုကယ်ဖို့လာပြီ။"

ယွဲ့လန်က တစ်ကိုယ်လုံးအနက်ရောင်သာဆင်မြန်းထားဆဲဖြစ်သည့် လေးထောင့်မျက်နှာပိုင်ရှင် သက်တော်စောင့်အစ်ကိုကြီးနဲ့အတူ ခြံဝင်းထဲပြေးဝင်လာ၏။

ယွဲ့လန်က နဉ်ရှုရဲ့ရှေ့မှာရပ်ကာ သူမကိုဒိုင်းလိုကာလိုက်ပြီး အော်သည်။

"ရှင်တို့တွေ မမလေးကို ထိခိုက်အောင်လုပ်ဖို့မကြိုးစားနဲ့။"

လျှို့ဝှက်သက်တော်စောင့်က ဘေးဘီကိုဝေ့ကြည့်ကာ နဉ်ရှုကိုပြောလာသည်။

"ကျုပ် ဒီလူတွေကို မနိုင်ဘူး။"

နဉ်ရှု : ...

ဒီမှာရှိနေတဲ့ အမျိုးသားဇာတ်လိုက်အများစုက သိုင်းပညာအရမ်းတော်တယ်။ သက်တော်စောင့်အတွက် တစ်ယောက်လောက်ကိုတားဖို့တောင် ခက်ခက်ရယ်။ ဒီလောက်အများကြီးဆိုရင်တော့ သူက လုံးဝအသုံးမဝင်ဘူး။

နဉ်ရှုက ယွဲ့လန်ကိုမေးလိုက်သည်။

"နင် ဘာလို့ ဒီကိုရောက်လာတာလဲ?"

အမျိုးသားဇာတ်လိုက်တွေ ဘယ်လိုစုစည်းသွားကြတယ်ဆိုတာ သူမ မတွေးတောနိုင်ပေမယ့် တကယ်တော့ ဒီကိစ္စက ဖြစ်လာရမယ့်ကိစ္စပဲဆိုတာတော့ သူမ သိတယ်။ မူလဇာတ်ကြောင်းမှာလည်း ဒီအချိန်လောက်မှာပဲ အမျိုးသားဇာတ်လိုက်တွေစုမိသွားကြပြီး မုယန်မုန့်ကို စပြီးဝေမျှခဲ့ကြတာလေ။ ဒါပေမယ့် အခု သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်နေတော့ ဒီလူတွေက သူမကိုသတ်ဖို့ စုဝေးလာကြတယ်။

The Poor Female Lead Can't Take Anymore!(Realm-5)[Myanmar Translation]Where stories live. Discover now