ရှေ့သို့လှည့်လိုက်ရင်း လုချီယွမ်က လုချီတံခါးကိုခေါက်ကာ အားပေးနှစ်သိမ့်လိုက်သည်။
" ချီချီ တံခါးအရင်လာဖွင့်ပါဦး ကိုယ့်ကိုယ်ကိုယ် လှောင်ပိတ်မထားနဲ့ သမီး စိတ်ချပါ အဖေက သမီးကိုဒုက္ခရောက်အောင်မထားပါဘူး "

နောက်ဆုံးမှာ တံခါးပွင့်သံနှင့်အတူ လုမန်ရဲ့မျက်ရည်စွက်နေသော မျက်နှာလှလှလေးက မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။

သူမ အလွန်အမင်း ရှိုက်ငိုနေခြင်းက လုချီယွမ်ကို အလွန်တရာ စိတ်မကောင်းဖြစ်စေသည်။

" အဖေ... သမီးဘာလုပ်ရမလဲဟင်။ အဲဒါ တကယ်ပဲ မမက လုပ်ခဲ့တာလား "
လုချီက သနားစရာကောင်းစွာ မေးလိုက်သည်။

လုချီယွမ်က နှာခေါင်းရှုံ့ပစ်လိုက်ကာ
" သူ မဟုတ်ရင် ဘယ်သူရှိတော့လို့လဲ "

" ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့ မမက သမီးကို ဒီလိုလုပ်ရတာလဲ။ အခုကစပြီး သမီး ဘယ်လိုနေရတော့မလဲ အဖေ။ လူတွေက သမီးကို ဒါရိုက်တာတွေနဲ့အိပ်ပြီး အမြင့်တက်ချင်တဲ့သူလို့ ထင်နေကြလောက်ပြီ "
ကံမ​ကောင်း အကြောင်းမလှသည့် အဖြစ်နှင့်ပတ်သက်၍ လုချီက ညည်းညူလိုက်ကာ အားကိုးစရာ လုချီယွမ်ပဲရှိတော့သလို လက်ကိုဆုပ်ကိုင်ထားလိုက်သည်။

လုချီယွမ်က လုချီကို နှစ်သိမ့်လိုက်ရင်း..
" ဘာကိုအိပ်ရမှာလဲ။ ငါတို့ချီချီလေးက အထုံပါရမီရှိပြီးသားကို ခန္ဓာကိုယ်နဲ့ လုပ်စားစရာလိုသလား။ သမီးကို အဲ့လိုပြောတဲ့သူတွေ တုံးနေတာပဲဖြစ်မယ် "

" ဒါပေမဲ့ ချီယွမ် ကျွန်မတို့အခုဘာလုပ်ကြမလဲ။ အဲ့သတင်းထောက်က အရမ်းကိုယုံကြည်မှုရှိနေတာနော်။ ဗုဒ္ဓဟူးနေ့မှာ သက်သေပြမယ်လို့တောင် ​ကတိပေးသွားသေးတာ။ တကယ်ဆိုရင် ချီချီလေးဘာဖြစ်သွားမှာလဲ ရှင်သိလား "

" ဗုဒ္ဓဟူးနေ့အထိ စောင့်နေစရာလား။ မနက်ဖြန်ပဲ လုမန်ကိုရဲစခန်းခေါ်သွားပြီး ဝန်ခံခိုင်းရမယ်။ သူဝန်ခံလိုက်ရင် ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေဘာပြောပြော ဘယ်သူမှ ဂရုစိုက်ကြတော့မှာ မဟုတ်ဘူး။ တရားခံပေါ်ပြီဆိုတာနဲ့ ဒီကိစ္စက ချီချီနဲ့ လုံးဝ မဆိုင်တော့ဘူးပဲ "

ထိုမှစခဲ့သော အချစ်များစွာသည် Kde žijí příběhy. Začni objevovat