အရင်တစ်ခေါက် သူမ ဒီကိုရောက်လာတုန်းက  မေမေဆုံးပြီ ဆိုသည့် သတင်းဆိုးနှင့်အတူ အိမ်သည် ဖုန်တက်ကာ လူသူကင်းမဲ့နေခဲ့သည်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ မေမေ သက်ရှိထင်ရှားရှိနေသေးကာ ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

ရှချင်းဝေရှိနေသမျှကာလပတ်လုံး သူမမှာ ပိုင်ဆိုင်မှု ရှိသည် ဟူသော အသိစိိတ်လေးတစ်ခု အမြဲ ရှိနေခဲ့၏။

အရင်ဘဝကတော့ အိမ်သော့ကို သူမအိတ်ထဲမှာ အမြဲ ထားဖြစ်၏။ 

တစ်ဘဝ အကြာတွင်လည်း လုမန် အကျင့်ပါ၍ အိတ်ထဲမှာ သော့ရှာကြည့်လိုက်သည်။

သူမ ထင်တဲ့အတိုင်း အိမ်သော့ကို တွေ့သည်။

ထိုသော့ဖြင့် အိမ်တံခါးကို ဖွင့်ဝင်ခဲ့၏။

အိမ်သန့်ရှင်းရေးအရင်လုပ်လိုက်သည်။ ပြီးတော့ ကြက်ဥတစ်လုံးပြုတ်ကာ မျက်လုံး နဲ့ မျက်နှာမှာ ပွတ်အုပ်ရင်း ရောင်ရမ်းတာတွေကျစေလိုက်၏။

နောက်ဆုံး အိပ်ရာပေါ်မှာ လှဲချလိုက်ပြီးမှ လုမန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။

စိတ်ချမ်းသာလိုက်တာ.. ဒီဘဝကျမှ သူမအိမ်မှာ ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခဲ့ပြီ..

အရင်ဘဝကတော့ စုံစမ်းမေးမြန်းခြင်းတွေ ဆက်တိုက် ကြုံခဲ့ရ၏။ ရှချင်းဝေ စိတ်ပူရမှာစိုးလို့ လုမိသားစုအိမ်မှာ သူမ အမြဲ နေထိုင်ခဲ့သည်။

ရှချင်းယန်နှင့် လုချီကလည်း သူမထွက်ပြေးမည်စိုး၍ မောင်းထုတ်ခြင်း မပြုခဲ့ကာ..

လုမန်က ရိုးသားဖြောင့်မတ်သောပုဂ္ဂိုလ်ဆိုတာ သူတို့မသိ။ မတရားသဖြင့်စွပ်စွဲခံရသည့်တိုင် ရဲတွေလာရှာချိန်မှာ သူမက ထွက်ပြေးဖို့မစဥ်းစားခဲ့ဘဲ သူမရဲ့ဖြူစင်မှုကို သူတို့သက်သေခံနိုင်မည်ဟု ယုံ၍ ရဲတပ်ဖွဲ့နှင့်ပူပေါင်းဆောင်ရွက်ဖို့အတွေးသာရှိခဲ့သည်။ 

ပြီးတော့ သူမ ထွက်ပြေးရင် မေမေ ဘာဖြစ်သွားမလဲ..?

ဒါပေမယ့်လည်း အမှုမှန်ပေါ်ထွက်ခြင်း မရှိခဲ့ကာ မွေးဖခင်ကိုယ်တိုင်က ရှချင်းယန်တို့သားအမိနှင့်လက်တွဲကာ သူမကို စွပ်စွဲချောက်ချခဲ့ကြသည်။

ထိုမှစခဲ့သော အချစ်များစွာသည် Dove le storie prendono vita. Scoprilo ora