ထို့ကြောင့် ထိုတစ်လအတွင်းမှာ လုမန်က တရားရုံးတော်မှ စီရင်ချက်အတွက် စောင့်ဆိုင်းခဲ့ရသည်။

လုဟန်လိသတိရလာသည်တွင်တောင် လုမန်တွင်အပြစ်မရှိမှန်း သူက သိသော်ငြား ဘာတစ်ခုမှမပြောဘဲ လုမန်ကို ထောင်သွင်းအကျဥ်းကျစေခဲ့သည်။ 

ဒီနေ့ လုချီယွမ်ရဲ့စိတ်ရင်းကိုသိလိုက်ရမှ ဘာလို့ဆိုတဲ့ အကြောင်းပြချက်ကို လုမန် အကြမ်းဖျင်း သိလိုက်ရသည်။

လုဟန်လိသတိရလာပြီးသည့်နောက်တွင် လုချီယွမ်က လုချီကိုကာကွယ်ရန် လုမန်အား ထောင်သွင်းအကျဥ်းချဖို့ သူနှင့်အပေးအယူလုပ်ခဲ့တာဖြစ်ရပေမည်။

လုမန် အပြစ်ကင်းတာကို လုချီယွမ် မသိတာလည်း မဟုတ် . .  သူ သေချာပေါက်သိသည်။ သို့ပေမယ့် လုချီကိုကာကွယ်ဖို့ အရင်အိမ်ထောင်နဲ့ရတဲ့သမီးကို ဖျက်ဆီးပစ်လိုက်၏။  

ယခင်ဘဝတွင်ဖြစ်စေ ယခုဘဝတွင်ဖြစ်စေ . . လုချီယွမ်ရဲ့ရွေးချယ်မှုသည် လုချီကို ကာကွယ်ရေးအတွက် သူမကို စတေးပစ်ခြင်းသာဖြစ်ခဲ့သည်။

အစကတော့ အရင်ဘဝမှာ သူမက တရားခံ ဟု လုချီယွမ်ထင်ရခြင်းကို သူတို့ဖွင့်ချထားသည့် သက်သေကြောင့်ဟု ထင်ခဲ့မိသည်။

ဒါပေမဲ့ သူမ နုံအခဲ့တာပဲ. . .

“ ရှောင်မန် ရှောင်မန် ”
ထန်းကျိက သူမကို အော်ခေါ်သည်။

လုမန်သတိပြန်ဝင်လာလျှင် ထန်းကျိက မေးလိုက်၏။
“ ဘာတွေတွေးနေတာလဲ. . စကားပြောနေရင်း ရုတ်တရက်ကြီး ငူငိုင်သွားလိုက်တာ. . ဘာဖြစ်လို့လဲ ”

သူမမျက်ဝန်းထဲမှာ သရော်ပြုံးလည်းရှိနေ၏။

“ ဘာမှမဖြစ်ပါဘူး ဒီတိုင်း ဟိုအရင်ကကိစ္စလေးတွေကို ပြန်တွေးမိသွားတာပါ . . ဘာပဲဖြစ်ဖြစ် လုဟန်လိထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာကိုတော့ လူထုကို အရင်ဆုံးအသိပေးရမယ်။ ပြီးမှ ဘယ်သူလုပ်တယ်ဆိုတာကို နင်သိတယ်လို့ ပြောပေါ့။ အင်တာနက်မှာ သီအိုရီတွေအများကြီးထွက်လာလိမ့်မယ်။ ဒါဆိုရင် နင်က လုချီနဲ့ပတ်သက်တဲ့ အရိပ်အမြွက်လေးတွေကို ထောက်ပြလိုက်။ အပြီးသတ်ကျမှ သူ့သရုပ်မှန်ကို ဖော်လိုက်ကွာ ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now