လုမန်ကို သတိလစ်အောင်ထုလိုက်သည် ဟု လုချီ ပြောလာတည်းက ဟဲကျိန့်ပိုင်က လုချီလွတ်မြောက်ရေးအတွက် လုမန်ကို တရားခံလုပ်ရန် စိတ်ကူးပြီး ဖြစ်သည်။

သို့သော် မထင်မှတ်ပါဘဲ လုမန်က ဟန်ကျိုးလီအခန်းထဲရောက်နေခဲ့ကာ. . .

သူမကို ဟန်ကျိုးလီရဲ့ရင်ခွင်မှာ မြင်လိုက်ရသည့်အချိန် သူ့ခံစားချက်တွေရှုပ်ထွေးကုန်သည်။ 

ဝန်မခံချင်ပေမယ့်လည်း သူဟာ ဟန်ကျိုးလီကို မယှဥ်နိုင်တာကိုတော့ ဝန်ခံရပေဦးမည်။

ပြီးတော့ ဟန်ကျိုးလီနှင့် ကျူးကျူးလွန်လွန်ဖြစ်သွားတာက သူ မလိုချင်ခဲ့သောမိန်းမ. . .

သူ လုမန်နှင့်တွဲနေစဥ်တစ်လျှောက်လုံးမှာ လုမန်က သူ့ကို ထိကိုင်ခွင့် မပေးခဲ့ဖူးချေ။

ထို့ကြောင့် ဒီနေ့ဟာ လုမန်အဖော်အချွတ်သိပ်များတာကို သူ မြင်တွေ့ဖူးသည့် ပထမဦးဆုံး အကြိမ်ဖြစ်သည်။

ဒါကို ဟန်ကျိုးလီက အကြိမ်ပေါင်းများစွာ မြင်တွေ့ပြီးသား ဆိုတော့ တွေးကြည့်လိုက်ရင် ဟဲကျိန့်ပိုင်တစ်ယောက် မွန်းကျပ်သည်။

ကြည့်ရတာ လုမန်က သူ မကောင်းဘူးထင်ပြီး သူ့ရှေ့မှာ ဣန္ဒြေကြီးချင်ယောင်ဆောင်ခဲ့တာဖြစ်မည်။

မဟုတ်ရင် ဟန်ကျိုးလီကို မြင်တာနှင့် ရှေးရိုးစွဲအကျင့်တွေကို စွန့်ပစ်ပါ့မလားလေ. .

သို့သော်လည်း ထိုအချိန်က သူသည် သေချာတွေးချိန်မရလိုက်ဘဲ လုမန်က သက်သေအဖြစ် တင်ပြလိုက်သည့် WeChat စကားဝိုင်းကြောင့် ရှော့ရသွားခဲ့တာဖြစ်သည်။

ထိုအဖြစ်တွေပြီးမှ လုချီက သူ့ကို အကြောင်းစုံရှင်းပြခဲ့ခြင်း ဖြစ်ကာ လုမန်ကို သူမနေရာတွင် အချောင်ခံစေလိုကြောင်း ပြောခဲ့သည်။ 

ဘာတွေပဲဖြစ်ဖြစ် ဟဲကျိန့်ပိုင် စိတ်ပျက်စေမည့်ဘယ်အရာကိုမှ မလုပ်ပါဘူးလို့လည်း သူမက ပြောခဲ့သည်။

တကယ်လည်း ဟဲကျိန့်ပိုင်က ဒီတစ်ကြိမ်မှာ သူမကို ယုံကြည်ပေမယ့် သူမလုပ်ခဲ့တာတွေကိုတော့ သဘောမတွေ့ပေ။

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now