❣Part-23❣

1.3K 72 0
                                    

❣️မိုးမခနှုတ်ခမ်းပါး💋
{Zhanyi}(Episode-23)

(Unicode version )

ရိပေါ်တစ်ယောက် ပြန်ရောက်လာထဲက အိပ်ယာပေါ်မှာ ပက်လက်ကြီးလှန်ပြီး လက်ကလက်စွပ်ကိုကြည့်ပြီး‌ ဝုန်းဒိုင်းကြဲနေလေသည်။ဝမ်ချင် က ပြန်လာထဲက အခန်းထဲတန်းဝင်သွားတဲ့ မောင်ဖြစ်သူကြောင့် အထူးအဆန်းဖြစ်နေပြီး ဧည့်ခန်းထဲမှာထိုင်နေတဲ့ ဝမ်ပါးနားကိုလျှောက်လာပြီး

"ပါး ပါးသားနေမကောင်းဘူးလားမသိဘူး"

"ဟေ ဘာဖြစ်လို့တုန်း သွားကြည့်လိုက်ဦးသမီး "

"ဟုတ်သမီးသွားကြည့်လိုက်ဦးမယ်"

ဝမ်ချင် ပေါ်ထပ်တက်လာပြီးရိပေါ်အခန်းရောက်တော့တံခါးခေါက်လိုက်သည်။

"ဒေါက် ဒေါက် ဒေါက်!! ဝမ်လေး ဝမ်လေးအိပ်နေတာလား"

ရိပေါ်  ဝမ်ချင်အသံကြားမှအိပ်ယာပေါ်ကအသဲအသန်ထပြီးတံခါးသွားဖွင့်လိုက်သည်။

"ကျဲကျဲ"

"အွန်း ဝမ်လေး နေမကောင်းဘူးလား"

နဖူးကိုလာစမ်းတဲ့ဝမ်ချင့်လက် ကြောင့် ရိပေါ်က

"နေကောင်းပါတယ်ကျဲကျဲ "

"အော်မသိပါဘူး ဝမ်လေးက ပြန်ရောက်တော့ မမ နဲ့ ပါးဆီတောင်မလာတော့ ဘာများဖြစ်လို့လဲလို့"

"ဟီးးးဟီးးဘာမှမဖြစ်ပါဘူး"

"အင်းဘာမှမဖြစ်လဲပြီးရော အယ် ဝမ်လေး အပူတွေကန်နေတာလား"

ရိပေါ်နှုတ်ခမ်းကိုမြင်ပြီးဝမ်ချင်ကပြောတော့

"အ အွန်း ဟုတ်တယ် ရေခဲရေ သောက်တာများသွားလို့ ဟီးးဟီးး"

"အင်းအင်း နောက်တစ်ခါလျော့သောက် ကဲ ကဲ ရေချိုးတော့နော် ပြီးရင် ထမင်းစားမယ်"

"ဟုတ်ကျဲကျဲ"

ဝမ်ချင် အောက်ထပ်ပြန်ဆင်းသွားမှရိပေါ်လဲတံခါးပိတ်ပြီး‌ ရေချိုးဖို့ပြင်လိုက်သည်။ရေချိုးခန်းထဲကမှန်မှာ ရိပေါ် ကိုယ့်နှုတ်ခမ်းကိုယ်ကြည့်ပြီး

"ငါ့နှုတ်ခမ်းလေး ပေါက်သွားပြီ အဲ့အကို က အရမ်းနမ်းတာပဲ ဒီနေ့မှရည်းစားဖြစ်လို့သာပဲ ဘယ်ထဲကနမ်းချင်နေလဲမသိပါဘူး ခိခိ ငါလေး က ချစ်ဖို့ကောင်းတာကို"

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Opowieści tętniące życiem. Odkryj je teraz