❣Part-30❣

1.6K 70 0
                                    

မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-30)

မနက်ခင်းနေရောင်ခြည်လေးက ပြတင်းပေါက်ဆီကနေ ဖြတ်သန်းပြီး ရှောင်းကျန့်မျက်နှာပေါ်သို့ကျရောက်လာသည်။ မျက်နှာပေါ်ကျရောက်လာတဲ့ နေရောင်ခြည်ကြောင့် ရှောင်းကျန့်ဆက်မအိပ်တော့ဘဲ မျက်လုံးလေးအသာဖွင့်ကြည့်တော့ သူ့ခါးကိုဖက်တင်းနေအောင်ဖက်ထားပြီး သူ့ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့သူ့ရဲ့ပေါက်စလေး။

မနေ့ညက သူပေးထားတဲ့အရာတွေနဲ့ ရိပေါ်ဝတ်ထားတဲ့အင်္ကျီကပွပွကြီးဖြစ်နေတာကြောင့်ပေါ်နေတဲ့ဖြူဖြူဖွေးဖွေးပခုံးလေး ၊ ယောင်ကိုင်းနေတဲ့နှုတ်ခမ်းလေးတို့က မနက်ခင်းအလှထက်ပိုလှနေသည်။ရှောင်းကျန့် ရိပေါ်နဖူးကို အသာနမ်းလိုက်ပြီး ရိပေါ့်လက်တွေကို အသာဖယ်ကာ ရေချိုးခန်းထဲဝင်သွားသည်။

ရှောင်းကျန့်ရေချိုးပြီးပြန်ထွက်လာသည်အထိ ရိပေါ်မနိုးသေးပေ။ရှောင်းကျန့်လဲ ရိပေါ်အတွက် မနက်စာလုပ်ပေးရန် အောက်ထပ်သို့ဆင်းလာခဲ့သည်။ရှောင်းကျန့် အောက်ထပ် ရောက်တော့ မနက်စာစားပွဲမှာထိုင်ပြီးမုန့်စားနေတဲ့အားလင်ကိုပဲမြင်တာကြောင့်

"အားလင် မမ နဲ့ ဇီရွှမ်း သွားပြီလား"

"အွန်း မနက်က စောစောထပြန်သွားတာ ညကလဲသူတို့ကောင်းကောင်းမအိပ်ရဘူးလေ"

"ဟမ် ဘာလို့သူတို့ကကောင်းကောင်းမအိပ်ရတာတုန်း"

အားလင် မသိခြင်ထောင် ထောင်နေတဲ့သူ့လေးလေးကို မျက်စောင်းထိုးလိုက်ပြီး

"လေးလေး အခန်းထဲက အဲ့လောက်ဆူညံနေတာ တစ်ခန်းကျော်က  သားတောင်အိပ်မရတာ ပါးနဲ့မားဆို ပိုဆိုးမှာပေါ့ ဟွန့် "

အားလင် စကားကြောင့် ရှောင်းကျန့်မျက်နှာရဲလာပြီးအိမ်တော်ထိန်းကြီးကိုစကားလွှဲလိုက်သည်။

"လေးလေး ကျွန်တော်ကို ပုစွန်ဆန်ပြုတ်လေးလုပ်ပေးပါလား မြန်မြန်လေး ပြီးတော့နွားနို့ရောပဲ"

"အင်း အားကျန့် ခနစောင့်"

အိမ်တော်ထိန်းကြီးထွက်သွားမှ

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now