❣Part-35❣(Final)

2.6K 79 0
                                    

မိုးမခနှုတ်ခမ်းပါး
{zhanyi}(Episode-35)[Final]

တစ်ပတ်ကြာတော့ရိပေါ် လမ်းကောင်းကောင်းပြန်လျှောက်နိုင်နေပြီ။ဒီနေ့  ငယ်က ဝမ်အိမ်တော်ကိုသွားချင်တယ်ဆိုလို့ ကျွနိတော် ကုမ္ပဏီမသွားခင်ဝင်ပို့လိုက်သည်။ဝမ်အိမ်တော်ရောက်တာနဲ့ ကားပေါ်ကနေပြေးဆင်းတဲ့ငယ်ကြောင့်

"ငယ် ဖြေးဖြေးဆင်းလေ ချော်လဲမယ်"

"ကိုကို ကလဲ ပါးကိုလွမ်းလို့ပါ ဟီးဟီးး"

သူ့ကိုဆူမှာစိုးလို့ မျက်နှာချိုသွေးနေတဲ့ကောင်လေးကြောင့် ရှောင်းကျန့်နမ်းချင်စိတ်ကိုချုပ်ထိန်းထားပြီး

"အဲ့တာနဲ့အရမ်းပြေးဆင်းတယ်ပေါ့ ဗိုက်ထဲမှာ ကလေး ရှိသေးတယ်လေ သတိထားမှပေါ့ငယ်ရယ်"

မျက်နှာငယ်လေးနဲ့ရှေ့တိုးလာပြီးရှောင်းကျန့်နှုတ်ခမ်းလေးကို လာနမ်းပြီး

"ကိုကို ကလဲ မဆူပါနဲ့နော် နောက်သတိထားပါ့မယ်နော် စိတ်မဆိုးပါနဲ့နော် နော်လို့ မွ မွ"

သူ့ကိုစိတ်မဆိုးရက်တဲ့ကိုယ့်ကို စိတ်ဆိုးနေတယ်ထင်ပြီးချော့နေလေရဲ့။တကယ့်ချစ်စရာလေးပါဗျာ။ရှောင်းကျန့် ရိပေါ့်နဖူးလေးကို နမ်းလိုက်ပြီး

"ကိုယ်ဘယ်တုန်းက ငယ့်ကို စိတ်ဆိုးဘူးလို့တုန်းဗျ"

"ဟီးးဟီးး အာဘွားကိုကို ညနေရုံးကပြန်လာရင်ဝင်ခေါ်နော်"

ရှောင်းကျန့်ခေါင်းလေးငြိမ့်ပြတော့ တာ့တာပြပြီး ပါးဟုတကြော်ကြော်အော်ကာ အိမ်ထဲကိုဝင်သွားလေသည်။ရှောင်းကျန့်ခေါင်းခါပြီးပြုံးလိုက်မိသည်။ရှောင်းကျန့် ကုမ္ပဏီရောက်တော့ ကျိုးချန် က

"ဝမ်လေး အဆင်ပြေသွားပြီလား"

"အင်း"

"ဒါဆို ဟိုဟာလုပ်တော့မလား"

ရှောင်းကျန့်ခနစဉ်းစားလိုက်ပြီး

"အင်း  ဒီညလုပ်မယ် အခုထဲသွားလုပ်ထားရအောင်"

"အေး သွားတာပေါ့ မင်းတို့တိုက်ခန်းမှာပဲလုပ်မှာမလား"

"အေး ဝမ်လေးကိုသူ့ပါးဆီပို့ထားတယ်"

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}حيث تعيش القصص. اكتشف الآن