❣Part-21

1.6K 79 1
                                    

❣️မိုးမခနှုတ်ခမ်းပါး💋
{Zhangyi}(Episode-21)

(Unicode version)

ကျိုးချန်လဲ ရှီးချန်နဲ့ အလုပ်ကိစ္စပြောပြီး စာချုပ်ချုပ်လိုက်ကြသည်။ပြီးတော့ ကျိုးချန်က

"မနက်ဖြန် က ရှောင်းကျန့် အဲ့ CEO Xiao မွေးနေ့လေ အဲ့တာ ရှီးချန်ကော ကို ဖိတ်ပါတယ် နော် သူ မအားလို့ ကျွန်တော်ဖိတ်ပေးတာပါ"

"အင်း ကောလာခဲ့ပါမယ့် ရှောင်းအိမ်တော်ကိုပဲမဟုတ်လားဗျ "

"ဟုတ်ပါတယ် ည၇နာရီလောက်ပါ"

" အင်း ကော လာခဲ့ပါ့မယ် အဲ့တာဆို ကောကို ခွင့်ပြုပါဦး "

"ဟုတ်ကဲ့ပါ ဂရုစိုက်သွားပါဗျ"

"ကောင်းပါပြီဗျ"

ကျိုးချန် ကို နှုတ်ဆက်ပြီး ရှီးချန် တစ်ယောက်ပြန်လာခဲ့သည်။
----------------------------

ရှောင်းကျန့်ရိပေါ်ကိုပွေ့ချီပြီးကားပေါ်တင်ကာ ဝမ်အိမ်တော်ဆီသို့မောင်းလာခဲ့သည်။ခနနေတော့အင်း အဲ ဆိုပြီးနိုးလာတဲ့ကလေးပေါက်ရယ်ပါ။

"အငြးးးးးးး"

ရိပေါ်မျက်လုံးကိုအားယူပြီးဖွင့်လိုက်တော့ကားမောင်းတဲ့အကိုက

"နိုးပြီလား ဝက်ပေါက်လေး"

"အွန်း အခုဘယ်သွားနေတာလဲဟင်"

"ငယ့် ကိုအိမ်ပြန်ပို့မလို့လေ"

"အကိုအိမ်မပြန်ချင်သေးဘူး ကျွန်တော်ဗိုက်ဆာလို့ ဟော့ပေါ့ဝယ်ကျွေးပါလား"

"အင်း အဲ့တာဆိုလဲဟော့ပေါ့သွားစားကြတာပေါ့"

"ဟီးဟီး အကို အကောင်းဆုံး"

လက်မလေးထောင်ပြပြီးမျက်လုံးတွေမှိတ်တဲ့အထိပြုံးပြနေတဲ့ကလေးငယ်ကြောင့်ရှောင်းကျန့်သ‌ဘောကျစွာ
ပြုံးလိုက်ပြီးဝမ်အိမ်တော်သို့ပြန်မဲ့ခရီးလမ်းကနေအကောင်းဆုံးဟော့ပေါ့ဆိုင်ဆီကို့ဦးတည်လာခဲ့သည်။ဟော့ပေါ့ဆိုင်ရောက်တော့ရိပေါ်အတွက်အချိုတစ်ပွဲ၊သူ့အတွက်အစပ်တစ်ပွဲမှာလိုက်သည်။ရှောင်းကျန့် က ရိပေါ် အတွက် နံနံပင် များများရယ်၊ အသားမျိုးစုံများများရယ် ယူပြီးရိပေါ်ဆီပြန်ရောက်လာသည်။

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now