Part-20

1.7K 90 2
                                    

❣️မိုးမခနှုတ်ခမ်းပါး💋
{Zhangyi}(Episode-20)

(Unicode version)

အသန့်ကြိုက်တဲ့CEO Xiao ရဲ့ ရုံးခန်း ထဲမှာ တစ်ခန်းလုံးပြန့်ကျဲနေသော မုန့်ခွံတွေ နဲ့ CEO Xiao ရဲ့ အင်္ကျီပေါ်မှာလဲချောကလက်တွေပေပွ‌နေလေသည်။ရှောင်းကျန့်
ပေါင်ပေါ်မှာ‌ချောကလက်ချောင်းကိုလက်ထဲကိုင်ပြီး
နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ဝမ်လေးရဲ့နှုတ်ခမ်းပေါ်ကချောကလက်တွေကိုအသာလေးသုတ်ပေးနေတဲ့CEO သူငယ်ချင်းကြောင့်ကျိုးချန် သွေးအန်ချင်သွားသည်။

" ဟျောင့်! "

ကြောင့်ရှောင်းကျန့်စားပွဲပေါ်ကစာရွက်ကိုလုံး‌ချေပြီး
ကောက်ပစ်လိုက်ပြီး

"သေမလို့အဲ့လောက်အော်နေတာလား ဒီမှာ ငယ် အိပ်နေတယ်လေ"

ရှောင်းကျန့်ကျိုးချန်ကိုအသံခပ်တိုးတိုးဖြင့်ပြန်ပြောလိုက်သည်။ကျိုးချန်ကရှောင်းကျန့်ကို

"‌ရှောင်းကျန့် ဝမ်လေးအိပ်နေတာဆိုလဲ ဆိုဖာပေါ်မှာချထားလိုက်ပါလားဟ "

"ရတယ် ငါပဲချီထားလိုက်မယ်"

"ပြီးတာပဲ ဒါနဲ့ဒါတွေက ဘာတွေဖြစ်တာတုန်း ပွယ နေတာပဲ "

ရိပေါ်ကိုကြည့်ပြီးနဖူးနားကဆံပင်ကိုသပ်တင်ပြီးနဖူးလေးကိုဖွဖွလေးနမ်းလိုက်တော့အင်းးးဆိုပြီးပြန်အိပ်သွားလေရဲ့။ကျိုးချန် က ရှေ့ကသူငယ်ချင်းကိုကြည့်ပြီးခေါင်းခါမိလိုက်သည်။ပြီးမှ ရှောင်းကျန့် က

"ဒီလိုကွာ"

Flashback .......

ရှောင်းကျန့် ရိပေါ်ကိုချီကာအစည်းအဝေးခန်းထဲ ကနေ ရုံးခန်းထဲထိ ခေါ်ခဲ့သည်။ရုံးခန်းထဲရောက်တော့ ရှောင်းကျန့်အလုပ်စားပွဲပေါ် တွင်ရိ‌ပေါ်ကိုတင်လိုက်ပြီးသူကတော့ရိပေါ် ရှေ့က ထိုင်ခုံမှာထိုင်လိုက်သည်။ရိပေါ်က ရှောင်းကျန့်ကို ကြည့်ပြီးငိုပါလိမ့်ရော။

"အဟင့် အီးးးးဟီးးးးး"

"အယ် ငယ်  မငိုနဲ့လေ ငယ်ရယ် ကိုယ်ကိုပြော ဘာဖြစ်လို့လဲ ဟင် ပြောပါငယ်ရယ် မငိုပါနဲ့ကွာ ငယ်ငိုရင် ကိုယ့်ရင်ဘက်ထဲက ပေါက်ထွက်မတက်နာကျင်လို့ပါငယ်ရယ်"

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now