❣part-28

1.6K 75 1
                                    

မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-28)[]

[ဤအပိုင်းသည်Warring အပိုင်းဖြစ်၍သန့်သန့်လေးShipသူများကျော်သွားပါRepost မထုပါနဲ့
ဒီထက်ကြမ်းတာမျိုး တောင်ဆယ်ခါမကဖတ်ပြီး ဒီဟာလေးကို လာမဆဲကြပါနဲ့ စာနာတက်ပါ😊😊]

မွေးနေ့ပါတီပြီးသွားပေမဲ့ ရှောင်းကျန့်တို့သူငယ်ချင်းတစ်အုပ်ရယ် ရိပေါ်ရယ် က မပြီးသေးပေ။ သူငယ်ချင်းတွေ တွေ့ဆုံပွဲဆိုပြီး သောက်ကြစားကြ သည်။ရိပေါ်က အရက်မသောက်နိုင်ပေမဲ့ ဝိုင်တော့သောက်နိုင်သည်။ရှောင်းကျန့်ကတော့ ဝိုင်ခွက်လေးကိုင်ပြီးပါးလေးနှစ်ဖက်ရဲနေတဲ့ ရိပေါ်ကိုကြည့်ပြီး

"တော်ပြီငယ် မသောက်နဲ့တော့"

"ကိုကို ကလဲ နောက်တစ်ခွက်ပဲနော် နော် နော် အာဘွားလေ နော် ပြွတ်စ် နော်"

နှုတ်ခမ်းကိုလာနမ်းပြီးပြောနေတဲ့ငမူးလေး ကြောင့် ရှောင်းကျန့်မငြင်းနိုင်။

"အင်း တစ်ခွက်ပဲ"

"ရှောင်းကျန့် ရာ ဝမ်လေး သူ့ဘာသာ လွတ်လွတ် လပ်လပ်သောက်ဘာစေ မင်းကလဲကွာ မင်းတုန်းကလဲ သောက်တာပဲ"

"ဟောက်ရွမ်းကော ရန်လေးကိုချစ်လားဟင်"

"ချစ်တာပေါ့ ကိုယ့်အသဲနှလုံးလေးရယ်"

ဇီရွှမ်းက မနက်အစောကြီးပြန်ရမှာမလို့မသောက်တော့ဘူးဆိုပြီးတက်သွားလေသည်။အားချင့် ကလဲ သူ့ယောက်ခမလောင်းနဲ့သွားတွေ့တယ်။ဟောက်ရွှမ်းကမူးပေမဲ့အရမ်းကြီးမဟုတ်။ကျန်ခဲ့တဲ့ ကျိုးချန် နဲ့ ကျိရန် ကတော့ အမူးအလဲပဲ။

အခု ဝိုင်းထဲမှာမမူးတာဆိုလို့  ရှောင်းကျန့် နဲ့ ကျိုးချန် ကောင်းမှုကြောင့်ပါလာတဲ့ ရှီးချန် ပင်ဖြစ်သည်။ရှီးချန် ကမူးနေသည့် ကျိုးချန်းကိုထိန်းနေသည်။ရှောင်းကျန့်က လဲ ဝမ်ငမူးလေးကိုထိန်းနေရသည်။ဟောက်ရွမ်းက ဝိုင်ခွက်တစ်ခွက်ကိုယူလိုက်ပြီးတစ်ခုခုထည့်ကာကျိုးချန်ရှေ့ချပေးလိုက်သည်။

"ဟျောင့် သားကြီး နောက်ဆုံးတစ်ခွက်သောက်မယ်ကွာ"

"အေးသောက်မယ်"

ကျိုးချန် ကအရှေ့ကခွက်ကိုယူပြီး ဟောက်ရွှမ်းနဲ့cheers လုပ်ကာသောက်လိုက်သည်။ဟောက်ရွှမ်းရဲ့ အပြုံးကိုတော့မမြင်လိုက်ချေ။ရိပေါ်က ကျိုးချန် သောက်နေတဲ့ဝိုင်ခွက်ကို ဆွဲယူပြီးသူလဲသောက်လိုက်သည်။

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now