Part-26❣

1.4K 79 2
                                    

မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-26)

ညနေရောက်တော့ ရှောင်းကျန့် သူ့ဝန်ထမ်းတွေကို ရုံးစောစောဆင်းခိုင်းပြီး သူလဲရိပေါ်ကိုခေါ်ကာ ကုမ္ပဏီအနီးမှာရှိတဲ့ သူရဲ့တိုက်ခန်းကိုမောင်းလာခဲ့သည်။ရိပေါ်ကတော့ ဝမ်အိမ်တော်ပြန်တဲ့လမ်းလဲမဟုတ် ရှောင်းအိမ်တော်သွားတဲ့လမ်းလဲမဟုတ်တာကြောင့် ဘေးပတ်ဝန်းကျင်ကိုသာလိုက်ကြည့်နေသည်။တိုက်ခန်းရှေ့ရောက်တော့ ရှောင်းကျန့် အရင်ဆင်းသွားပြီး ရိပေါ်ကို တံခါးဖွင့်ပေးရင်း

"ဆင်း ငယ် "

ရိပေါ် ကားပေါ်ကဆင်းပြီး ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ရှောင်းကျန့် က ရိပေါ်လက်ကိုဆွဲပြီးခေါ်သွားသဖြင့် ရိပေါ်လဲဘာမှမပြောတော့ဘဲလိုက်သွားလိုက်သည်။ ရှောင်းကျန့်အခန်း Password ကိုနိုပ်တော့ ရိပေါ်ကိုမှတ်ခိုင်းပြီး အခန်းထဲဝင်လိုက်ကြသည်။ အခန်းထဲရောက်တော့ ရိပေါ်ကို ဆိုဖာပေါ်မှာထိုင်ခိုင်းပြီး သူက အခန်းတစ်ခုထဲဝင်သွားသည်။ရိပေါ်ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ရှောင်းကျန့်ပြန်ထွက်လာပြီး ရိပေါ်ဘေးဝင်ထိုင်လိုက်ကာ

"ငယ် ခနနားလိုက်ဦး ပြီးရင် ရေသွားချိုးလိုက် ကိုယ်ရေစပ်ထားတယ်"

ရိပေါ်ခေါင်းလေးငြိမ့်ပြီး

"ဒီ အခန်းက??"

"အော် ဒီအခန်းက ကိုယ်ဝယ်ထားတဲ့အခန်း အလုပ်များတဲ့အခါ အိမ်မပြန်ဖြစ်ရင် ဒီမှာပဲညအိပ်တာ"

"အော်"

မျက်လုံးပြူးပြူးလေးနဲ့ခေါင်းတငြိမ့်ငြိမ့်လုပ်နေတာလေးကအသဲယားစရာလေး။ရှောင်းကျန့် စိတ်မထိန်းနိုင်တော့ ရိပေါ်ရဲ့ပါးနှစ်ဖက်ကို အဝနမ်းရှိုက်လိုက်သည်။ သူကိုနမ်းတော့ မျက်စောင်းလေးထိုးပြီး

"ကိုကို က နမ်းပဲနမ်းနေတာ ကိုကိုနမ်းတာများပြီး ငယ့်ပါးကြီးလဲ ဒီလိုကြီးတွဲကျတော့မယ်"

ဆိုပြီးပါးနှစ်ဖက်ကိုလက်နဲ့ အောက်ကိုဆွဲပြလေရဲ့။
အိုက်ယားးးးးးးအသဲတွေရော နှလုံးတွေ ကလိစာတွေရော  အကုန်ယားအောင်လုပ်နေတာပဲဒီကလေးက။
ဝမ်ရိပေါ်ဆိုတဲ့ ကောင်ပေါက်လေးကလေ အရမ်းအသဲယားဖို့ကောင်းလွန်းတယ်။

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now