❣Part-19❣

1.6K 81 0
                                    

မိုးမခနှုတ်ခမ်းပါး
{Zhanyi}(Episode-19)

(Unicode version)

ကျိုးချန်ပြလိုက်တဲ့Videoကြောင့်ရှယ်ယာရှင်များက ရှင်းယွမ့်ကိုကြည့်လာသည်။ရှောင်းကျန့်က

"ရှင်းယွမ့် ရှင်းယွမ့် မင်းလည်တာငါအိပ်နေသလောက်ပဲရှိတယ်ကွ မင်း နဲ့  "

ရှောင်းကျန့်ဆက်မပြောဘဲဌာနမှုးလီ ကိုတစ်ချက်ကြည့်ပြီး

"ဌာနမှုးလီနဲ့ ဘာတွေလုပ်နေလဲဆိုတာ ငါအစထဲကရိပ်မိပြီးသား "

ဌာနမှုးလီမှာတစ်ကိုယ်လုံးတုန်နေသည် ။

"အဲ့တာကြောင့်မလို့ ငါကမင်းတို့ကိုပြောတာ နံရံတိုင်းမှာနားရှိတယ်လို့"

"မင်းတို့ဘယ်လိုလုပ်လိုက်တာလဲ ရှင်းယွမ့် နဲ့ ဌာနမှုးလီ"

"ဟုတ်တယ် မင်းတို့ဘယ်လိုလုပ်လိုက်တာလဲ ဒီ project ကြီးဖြစ်မြှောက်ဖို့ငါတို့အများကြီးရင်းထားရတာကွ"

"CEO Xiao သူ့တို့ကိုရဲလက်အပ်လိုက်ပါ"

ရှောင်းကျန့်ကတော့ရှယ်ယာရှင်တွေပြာတာကို ဂရုမစိုက်ဘဲ ရိပေါ်မျက်နှာလေးကိုပဲကြည့်ပြီးဆံပင်တွေသပ်တင်ပေးနေသည်။ပြီးမှ ရှောင်းကျန့်က

"CEO Shinn မင်းအမကိုပြောလိုက် ဝမ်ရိပေါ်ဆိုတဲ့ ငါ့ကောင်လေးကို ထိရင် မင်းတို့ ကုမ္ပဏီတစ်ခုလုံးကုန်းကောက်စရာမရှိအောင်လုပ်ပစ်မယ်လို့ "

ရှောင်းကျန့်စကားကြောင့် ရိပေါ် ရော ရှင်းယွမ့် ကပါ သူ့ကိုကြည့်လာကြသည်။ရှောင်းကျန့်ကရိပေါ်ကိုပြုံးပြပြီး

"ပြီးတော့မင်းအမ ကို သေချာပြောလိုက် ငါ့ကလေးငယ်ကို မျက်ရည်ကျအောင်ထပ်လုပ်ရင် မင်းတို့တစ်မိသားစုလုံး တရုတ်ပြည်ကနေထာဝရ ထွက်ခွါသွားစေရမယ်လို့။အခုတော့မင်းကိုအပြစ်ပေးဖို့အတွက် ငါ့ကလေးငယ်ကို မေးလိုက်ဦးမယ်"

ပြောပြီးရိပေါ်မျက်နှာလေးကိုကြည့်ကာ

"ငယ် ကိုယ့်ကို ပြော ငယ် သူ့တို့ကိုဘာလုပ်ချင်လဲ ။ ရဲ လက်အပ်ချင်လား ။သူတို့ကုမ္ပဏီ ကို ဒေဝါလီ ခံရအောင်လုပ်ချင်လား ပြောကိုယ့်ကို"

❣️မိုးမခနှုတ်ခမ်းပါး💋{Completed}Where stories live. Discover now